ညောင်ဦးမြို့တွင်  ညမထွက်ရအမိန့်အရ လမ်းများပေါ်တွင် ထွက်ရောက်သွားလာမှု မရှိစေရေး မြို့ ဝင်/ထွက် ဂိတ်များနှင့် မြို့တွင်းလိုက်လံစစ်ဆေး

ညောင်ဦးမြို့တွင် နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီထိ သွားလာခြင်းမပြုရန် အမိန့်ထုတ်ပြန်ချက်အား လိုက်နာမှု ရှိစေရေး ယမန်နေ့ည ၁၁ နာရီ မိနစ် ၄၀ က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စအဖတပ်ဖွဲ့မှူးနှင့် ပူးပေါင်း အဖွဲ့များသည် ပြည်သူများမလိုအပ်ဘဲ လမ်းများပေါ်တွင် ထွက်ရောက်သွားလာမှုမရှိစေရေး လိုက်လံ စစ်ဆေးလျက်ရှိကြောင်း သိရ
တောင်ဥက္ကလာပမြို့နယ်၌ သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်များအား ရပ်ကွက်များအတွင်း လိုက်လံရောင်းချပေး
တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်အတွင်းရှိ ဈေးရောင်းသူများ ပူးပေါင်း၍ မြို့နယ်နေပြည်သူများ stay at home  ကာလအတွင်း ဈေးမသွားဘဲ မိမိတို့အိမ်ရှေ့‌အ‌ရောက် သန့်ရှင်းလတ်ဆတ်‌သော စားသောက်ကုန်များကို ဝယ်ယူနိုင်ရန် ယနေ့ နံနက် ၆ နာရီခွဲမှ ဈေးကား လေးများဖြင့် ရပ်ကွက်များအတွင်း လိုက်လံရောင်းချ‌ပေးခဲ့
ဆိပ်ဖြူမြို့နယ်၌ မြင်ကဝ-ကျီးပင် ကျေးရွာချင်းဆက်လမ်းနှင့် ကုန်ထုတ်လမ်းဖောက်လုပ်ပေး
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြင်ကဝ-ကျီးပင်ကျေးရွာတို့ကို ဆက်သွယ်ပေးသည့် ကျေးရွာချင်းဆက်လမ်းနှင့် ကုန်ထုတ်လမ်း အသုံးပြုနိုင်ရေးအတွက် မြေသားမြေနီလမ်းကို ဧပြီလ ၂၁ ရက်နေ့မှ စတင်ဆောင်ရွက်ပေးနေကြောင်း သိရှိရ
ကျိုင်းလပ်မြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၁ လုံး ထိခိုက်ပျက်စီး
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ယမန်နေ့ ညနေ ၃နာရီ ၄၅ မိနစ်မှ ၄နာရီ ၁၅ မိနစ်အထိ လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ
ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် သမိုင်းဝင်ရွှေတောင်ဦးရှိ ဘုန်းတော်ကြီး ကျောင်းများအား ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းမှ သမိုင်းဝင်ရွှေတောင်ဦးရှိ တိပိဋက စာသင်တိုက်နှင့် ကျောင်းတိုက်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေး ဖျန်းခြင်းများကို ဧပြီ ၂၃ ရက်နေ့ နံနက် ၈ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက သွားရောက်၍ ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရ
ဆွမ်ပရာဘွမ်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေး
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယနေ့ နံနက် ၉ နာရီခွဲမှ  စတင်၍ စနစ်တကျ ထုတ်ပေးလျက်ရှိ
ကော့ကရိတ်မြို့ ကရင်နှစ်သစ်ကူးကွင်းတွင် ယာယီပျံကျဈေး ဖွင့်လှစ်ရောင်းချ
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ပြည်သူများ စားသောက်ကုတ်ပစ္စည်းများ အခက်အခဲမရှိ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်စေရန်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက မြို့ဈေးရှိ ဈေးသူဈေးသားများကို ကော့ကရိတ်မြို့ ကရင်နှစ်သစ်ကူး ကွင်းတွင် ယာယီပျံကျဈေး ဖွင့်လှစ်ရောင်းချစေခဲ့ကြောင်း သိရ