စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့တွင်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှု မဖြစ်ပွားစေရေးနှင့် ကာကွယ်ထိန်းချူပ်ရေး လုပ်ငန်းများအား အထောက် အကူဖြစ်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီက မြို့မစည်ပင်ဈေးတွင် ရောင်းချနေသော ပျံကျ ဈေးသည်များအား ယနေ့ နံနက် ၆ နာရီမှစပြီး မြို့မ ကျောက်တိုင်အားကစားကွင်း၌ ယာယီပြောင်းရွှေ့ နေရာချထားလျက်ရှိကြောင်း သိရသည်။