ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး ယာယီစျေးဖွင့်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အမှတ်(၆) နယ်မြေရှိ အောင်သီရိ(ကုလားကုန်း)စျေးကို လူစုလူဝေး မဖြစ်ပေါ်စေရန် ကုသိနာရုံဘုရားဝန်အတွင်းသို့ ပြောင်းရွှေ့ကာ ဧပြီ ၁၇ ရက်နေ့ မနက်ပိုင်းတွင် စတင်ဖွင့်လှစ်ရောင်းချခဲ့သည်။
နောင်တရားမြို့မစျေးသစ်၌ ယာယီစျေးဖွင့်လှစ်မည်
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် နောင်တရားမြို့ ငါးရက်တစ်စျေး စျေးကြီးရက်များကို ပိတ်ထားပြီး စားသုံးသူများ၊ စျေးရောင်းစျေးဝယ်များ အခက်အခဲ မဖြစ်ပေါ်စေရေး ယာယီစျေးကို နောင်တရား မြို့မစျေးသစ်ကြီး၌ ဖွင့်လှစ်မည်ဖြစ်သည်။
ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်များ အချိန်ပြောင်းလဲပြေးဆွဲမည်

မကွေးမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စု ၂၃၀ အတွက် ထောက်ပံ့ပစ္စည်းများပေးအပ် 
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် ဧပြီ ၁၆ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် လေဘေးသင့်အိမ်ထောင်စု ၂၃၀ အတွက် ထောက်ပံမှုများ လုပ်ဆောင်ထားကြောင်း တိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ငွေလှူဒါန်း
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် ထောက်ပံ့ငွေလှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက မိုင်းယန်းမြို့နယ် မြို့နယ်ပြည်သူ့‌ဆေးရုံ၌ လှူဒါန်းခဲ့သည်။
ငါ့သရောက်မြစ်ရေတင်ဖြင့် နွေပဲတီးစိမ်းစိုက်တောင်သူများ ဧကခုနှစ်ရာ စိုက်ပျိုးအောင်မြင် ဈေးနှုန်းကောင်းရန် မျှော်လင့်နေကြ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြစ်ရေတင်ဖြင့် စိုက်ပျိုးထားသည့် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု၊ တောင်ဖက်တန်းကွင်း ပဲတီစိမ်းများ အောင်မြင်ဖြစ်ထွန်းကာ ဆွတ်ခူးရောင်းချချိန် ဈေးနှုန်းကောင်းရန် မျှော်လင့်နေကြကြောင်း နွေပဲတီစိမ်းစိုက်တောင်သူ ဦးဆန်းကျော်ကပြောကြားသည်။
ကောလင်းမြို့နယ်တွင် ပျံကျဈေးသည်များအား ပြည်သူ့အားကစားကွင်းသို့ ပြောင်းရွှေ့ရောင်းချနိုင်ရန် စီစဉ်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူပြုစေရန်အတွက် ပျံကျဈေးသည်များအား ပြည်သူ့အားကစားကွင်းသို့ ပြောင်းရွှေ့ရောင်းချ နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။