ဘုတလင်မြို့နယ်၊ ငပယင်းကျေးရွာမှ ထောက်ပံ့ရရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြန်လည်လှူဒါန်း
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးသော အခြေခံစားသောက် ကုန်ပစ္စည်းများကို ပြန်လည်လှူဒါန်းသည့် တတိယမြောက်ကျေးရွာအဖြစ် ငပယင်းကျေးရွာမှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များက ယနေ့ နံနက်ပိုင်းက စားသောက်ကုန် ပစ္စည်းများကို ပြန်လည်လှူဒါန်းခဲ့ကြောင်း မြို့နယ်အခြေခံစားသောက်ကုန်ပစ္စည်းများ လက်ခံရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်း ကော်မတီထံမှ သိရ
ဖာပွန်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး အလှူငွေ နှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ဖာပွန်မြို့ခုတင် (၁၀ဝ) ပြည်သူ့ဆေးရုံကြီးသို့လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊တပ်နယ်မိသားစုများ၊စေတနာရှင်၊အလှူရှင်များက တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အလှူငွေနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို လာရောက်လှူဒါန်းလျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် ပြင်စလူမြို့တွင်  ညမထွက်ရ ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာ
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် ပြင်စလူမြို့တွင် ဒေသန္တရ အမိန့်အမှတ် (၁/၂၀၂၀) ကို ယမန့်နေ့ မွန်းလွဲ(၁)နာရီနှင့် ည (၈) နာရီတို့တွင် မြို့အတွင်းသို့ လှည့်လည်၍ကြေညာခဲ့ကြောင်း သိရ
ပုလဲမြို့ ပြည်သူ့အားကစားကွင်း၌ ယာယီဈေး ဖွင့်လှစ်ရောင်းချနေမှု အခြေအနေများနှင့် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ပြန့်ပွားမှုမရှိစေရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့ပြည်သူ့အားကစားကွင်း၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ယာယီဈေးဖွင့်လှစ်၍ စတင်ရောင်းချလျက်ရှိရာ ဧပြီ ၁၉ ရက် နံနက်၈နာရီက မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉)ရောဂါ ထိန်းချုပ်ရေး၊ အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်နှင့်တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ
ကျွန်းစုမြို့မဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပေး ကြော်ငြာချက်ဗီနိုင်းများကပ်ခြင်းနှင့် ဈေးရောင်းသူ၊ ဝယ်သူများ နှာခေါင်းစည်းများဖြန့်ဝေ
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ဖြစ်ပွားနေချိန်အတွင်း ဈေး၌ ဈေးရောင်း/ဝယ်သူများထံသို့ ရောဂါပိုးများ ကူးစက်ပြန့်ပွားမှုမရှိစေဘဲ အခြေခံစားသောက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းစွာ ရောင်းဝယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပေး ကြော်ငြာချက် ဗီနိုင်းများကပ်ခြင်းနှင့် ဈေးရောင်းသူ/ဝယ်သူများ နှာခေါင်းစည်းများဖြန့်ဝေခြင်းကို ကျွန်းစုမြို့ မြို့မဈေးအတွင်း၌  ဧပြီလ(၁၉)ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရ
မိုင်းဆတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာများကို ဧပြီလ(၂၁)ရက်တွင် ထုတ်ပေးမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်နိုင်ရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ပင်စင်လစာများကို ဧပြီလ ၂၁ ရက် နံနက်(၇)နာရီမှ စတင်၍ ညနေ(၃)နာရီ ဘဏ်ပိတ်ချိန်ထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရ