နမ့်စန်တွင် ပြည်သူများအဆင်ပြေစေရန်အတွက် ယာယီပျံကျဈေးကို အထက(နမ့်စန်) ဘောလုံးကွင်းတွင် ဖွင့်လှစ်ထားရှိ
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများ လူစုလူဝေးမဖြစ်ဘဲ စားသောက်ကုန်များ အဆင်ပြေစွာ ဝယ်ယူရောင်းချနိုင်ရန်အတွက် အမှတ် (၂)ရပ်ကွက် အထက(နမ့်စန်)ဘောလုံးကွင်းအတွင်းတွင် ယာယီပျံကျဈေးကို ဧပြီလ ၁၉ ရက် နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်ထားရှိပေးကြောင်း သိရ







