ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းသူ အသင်းအဖွဲ့များစုပေါင်းကာ အငှားယာဉ်များအား ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုအနေဖြင့် အငှားယာဉ်များအား ပိုးသတ်ဆေးဖြန်းခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ ရဲဘော်ဟောင်းမှတ်တိုင်အနီး၌ ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းသူ အသင်းအဖွဲ့များစုပေါင်း ပြုလုပ်ကြသည်။ 
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ည ၈ နာရီ သတင်းထုတ်ပြန်ချက်
၁။ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည် (၁၈-၄-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းအထိ စောင့်ကြည့် လူနာနှင့် အသွားအလာကန့်သတ်ထားသူ စုစုပေါင်း (၃,၈၈၀) ဦး၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာ (၉၄)ဦးတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး (၃,၇၈၆) ဦးတွင် ရောဂါပိုးမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ တိုက်ပွဲရှောင်စခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ 

နေပြည်တော်  ၁၈  ဧပြီ

 

ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံး ဝန်ထမ်းအိမ်ရာများနှင့် ပိန္နှဲတောဓာတ်အားခွဲရုံတို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေး ပိုးသတ်ဆေးဖြန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၊ ဝန်ထမ်းအိမ်ရာများနှင့် ပိန္နှဲတောဓာတ်အားခွဲရုံ တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးပက်ဖြန်းခြင်းကို ယနေ့ ညနေ ၅ နာရီက မြို့နယ် မီးသတ်ဦးစီးဌာန အကူအညီဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Posco International Myanmar မှ Covid-19 Diagnostic Reagents ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်း
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် Posco International Myanmar မှ Covid-19 Diagnastic Reagents ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ဆေးသုတေသနဦးစီးဌာန  ရန်ကုန်ရုံးချုပ်၌ ကျင်းပသည်။