ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်းရှိ ပွဲကြည့်စင်များအား အသစ်ပြန်လည်တည်ဆောက်လျက်ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဝမ္မသူးမောင် အားကစားကွင်းရှိ ပွဲကြည့်စင်များအား အသစ်ပြန်လည် တည်ဆောက်ရန် လုပ်ငန်းများ စတင်လျက်ရှိကြောင်း ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး ထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ဆေးရုံကြီးများတွင် Covid-19 ရောဂါဖြစ်ပွားပါက ကုသနိုင်ရေး သီးသန့်ခန်းများအသင့်စီစဉ်ထားဟုဆို
Covid-19 ရောဂါဖြစ်ပွားခဲ့ပါက လူနာများအားကုသပေးနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ဆေးရုံကြီးများတွင် အနည်းဆုံး ခုတင်(၄)လုံးပါဝင်သည့် ရောဂါကုသရေး သီးသန့်ခန်းများစီစဉ်ထားပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ငြိမ်းငြိမ်းအေး၏ ပြောကြားချက်များအရ သိရသည်။
ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာအလုပ်သမားများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် တိုင်းဒေသကြီး/ပြည်နယ် အရောက် အခမဲ့ ပို့ဆောင်ပေးလျက်ရှိ
မြန်မာ-ထိုင်းနယ်စပ်  ချစ်ကြည်ရေးတံတား(၂)မှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်လာသော မြန်မာရွှေ့ပြောင်းအလုပ် သမားများကို ကရင်ပြည်နယ်အစိုးအဖွဲ့ အစီအစဉ်ဖြင့်  သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အရောက် ကားများဖြင့် (အခမဲ့)ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
မြိတ်မြို့တွင် အထပ်မြှင့်အဆောက်အဦ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အထပ်မြှင့်အဆောက်အဦ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ကန်ဖျားရပ်ကွက်ရှိ (၇)လွှာ အဆောက်အဦ တစ်ခုတွင် ပြုလုပ်ခဲ့သည်။
မြန်မာ့သစ်လုပ်ငန်း၊ သစ်တောဦးစီးဌာနနှင့် (SPANA), UK အဖွဲ့တို့ပူးပေါင်း၍ အိမ်မွေးဆင်များအား Microchip တပ်ဆင်ခြင်း ဆောင်ရွက်
မြန်မာနိုင်ငံတွင် အိမ်မွေးဆင်ကောင်ရေ ၄၃၀ဝ ကျော်ရှိပြီး အိမ်မွေးဆင်များမှတ်ပုံတင် ခြင်းကို ခေတ်ကာလနှင့်အညီ ပြုပြင်ပြောင်းလဲရန်လိုအပ်မှုအရ မြန်မာ့သစ်လုပ်ငန်းပိုင်ဆင် များ၊ သစ်တောဦးစီးဌာနပိုင်ဆင်များ၊ ပုဂ္ဂလိကပိုင်ဆင်များအား မှတ်ပုံတင် ဂရန် ပြုလုပ်ရာတွင် ပို၍စနစ်ကျစေရန် ဆင်ဂရံနှင့်ဆင်များ လွဲမှား၊ပြောင်းလဲခြင်းမပြုလုပ်နိုင်စေ ရန် အတွက် သစ်တောဦးစီးဌာနမှဦးဆောင်ရေးဆွဲထားသည့် Myanmar Elephant Conservation Action Plan (MECAP) အားအကောင်အထည်ဖော်ရန် အိမ်မွေးဆင်များအား ၂၀၂၀ ပြည့်နှစ် မတ်လမှ မေလအတွင်း Microchip တပ်ဆင်ခြင်းအပြီးဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း၊ လက်ထောက်မန်နေဂျာ ဒေါက်တာမျိုးမင်းအောင်(ဆင်ဆေးကု)ထံမှ သိရသည်။
ဟိုပင်မြို့၌ COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ PPE ဝတ်စုံ၊ Hand Gel နှင့် လက်ဆေးဆပ်ပြာရည်များ လှူဒါန်း
COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ PPE ဝတ်စုံ၊ Hand Gel နှင့် လက်ဆေးဆပ်ပြာရည်များ လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ ဟိုပင်မြို့ ပြည်သူ့ဆေးရုံ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူများမှ ပူးပေါင်းပါဝင်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။