မကွေးတိုင်းဒေသကြီး၌ PPE ဝတ်စုံ ၃၀ဝ၀ ဝယ်ယူထားပြီး လှူဒါန်းလိုသူများအတွက် ရန်ပုံငွေစာရင်းဖွင့်၍ အလှူခံသွားမည်

မကွေးတိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းသုံး PPE ဝတ်စုံ ၃၀ဝ၀ ကို ဝယ်ယူထားပြီးဖြစ်ကာ ရောဂါကာကွယ်ရေးအတွက် လှူဒါန်းလိုသူများလည်း ရှိနေသဖြင့် ရန်ပုံငွေစာရင်းဖွင့်၍ အလှူခံသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးထံမှ သိရသည်။
တာဆန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ တာဆန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ စစ်ဆေးပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အစိုးရ ဓမ္မာစရိယစာမေးပွဲနှင့် ပထမပြန်စာမေးပွဲမှ စာဖြေသံဃာတော်များအား ကျန်းမာရေးစစ်ဆေး
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းစေတီတော်ဝင်းအတွင်းရှိ မြို့နယ်မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပထမပြန်စာမေးပွဲကို ကျင်းပလျက်ရှိရာ စာဖြေသံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
ကြံခင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေး ပညာပေးခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်
COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကြံခင်းမြို့ ရပ်ကွက်များနှင့် မြို့မဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။
ကောလင်းမြို့တွင် အထပ်မြင့်အဆောက်အဉီများ၌ ငလျင်ဘေး၊ သဘာဝဘေးအန္တရာယ်ကြုံလာပါက ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ဈေးရုံဗိုလ်တဲရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့်ရွှေမင်းဝံလမ်းကြား(၁၀) လမ်း အရှေ့ဘက်ရှိဇော်ဆေးဆိုင် အထပ်မြင့်အဆောက်အဦ၌ ငလျင်ဘေး၊ သဘာဝဘေးအန္တရာယ်မှ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီက ပြုလုပ်ခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်  ကျောက်ပန်းတောင်းမြို့တွင် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊  ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေကျပ် ၆၀.၅၅ သန်းဖြင့် မြို့မစည်ပင်သာယာဈေးကြီးပတ်လည်နှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှေ့လမ်းတို့တွင် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းကို  မတ် ၂၂ ရက်နေ့ ညနေ ၃ နာရီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင်  COVID-19 ရောဂါကာကွယ်ရေး လက်ဆေး ကန်များ တပ်ဆင်ပေး
COVID-19 ရောဂါကာကွယ်ရေး လက်ဆေးဘေစင်များကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကင်းမြို့နယ် အတွင်းရှိ လူစည်ကားရာ နေရာများတွင် လိုက်လံတပ်ဆင်ပေးလျက်ရှိကြောင်း သိရ