ဘောလခဲမြို့နယ် ဘူးခူကျေးရွာသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း
ကယားပြည်နယ်၊ ဘောလခဲမြို့နယ်တွင် နှစ်စဉ်သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသည့် ဘူးခူကျေးရွာသို့ ယမန်နေ့နံနက်ပိုင်းက ဘောလခဲခရိုင် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး စောမောရှည်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဖြူချေနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။






