ကိုဗစ်-၁၉ထိခိုက်မှုပြန်လည်ကုစားရန် လူမှုဖူလုံရေးကြေးများပေးသွင်းကာလ လဆန်း ၁၅ ရက်တိုင်းအစား သုံးလအထိ တိုးမြှင့်ပြောင်းလဲ
ကိုဗစ်-၁၉ကြောင့် စီးပွားရေးလုပ်ငန်းများ အခက်အခဲကြုံတွေ့နေရသည့်အတွက် အလုပ်ဌာနများ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မတ် ၂၀ ရက်စွဲဖြင့် အမိန့် ကြော်ငြာစာအမှတ် ၆၃/ ၂၀၂၀ ကို ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်အရ လုပ်ငန်းများဆက်လက်လည်ပတ်နိုင်ရန်ရည်ရွယ်ကာ ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေပုဒ်မ ၁၀ဝ နှင့်အညီ လူမှုဖူလုံရေးအာမခံကြေးများအား ပေးသွင်းရန်ကာလကို တိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်းသိရှိရသည်။






