ပင်လည်ဘူးမြို့၌ နွေရာသီသောက်သုံးရေ အခက်အခဲများရှိသော ကျေးရွာ ၈ တွင် တွင်းနက်စက်ရေတွင်းများ တူးဖော်ဆောင်ရွက်ပေး
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ပြောင်းလဲလာသည့် ရာသီဥတုကြောင့် နွေရာသီသောက်သုံးရေ အခက်အခဲဖြစ်နေသော ကျေးရွာ ၈ ရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တွင်းနက်စက်ရေတွင်းများ တူးဖော်ဆောင်ရွက်ပေးနေကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။






