မင်းဘူးမြို့နယ်ရှိ ကျေးရွာ ၄ ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာက ကျေးလက်နေပြည်သူများ သောက်သုံးရေလုံလောက်စွာ အသုံးပြုနိုင်ရန်နှင့် နွေရာသီကာလ သောက်သုံးရေ ရှားပါးမှုမရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာနှစ်တွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။






