မြဝတီမြို့၌ အမှိုက်ကောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ကရင်ပြည်နယ်၊ မြဝတီမြို့၌ အမှိုက်များကင်းစင်စေရန်နှင့် မြို့အတွင်း သန့်ရှင်းလှပစေရေးတို့ကို ရည်ရွယ်၍ မြို့တော်စည်ပင်သာယာရေးဥက္ကဌ ဦးသန်းရွှေ ဦးဆောင်၍ ဌာနဆိုင်ရာများနှင့်ပူပေါင်း၍ အမှိုက်ကောက်ခြင်း စုပေါင်းသန့်ရှင်းရေးကို မြဝတီမြို့ အမှတ် ၅ ရပ်ကွက် ဦးအောင်ဇေယျလမ်း၌ ယနေ့နံ နက် ၇ နာရီက စတင်ဆောင်ရွက်ခဲ့သည်။







