သောက်သုံးရေအခက်ကြုံနေသည့် ကျေးရွာနေပြည်သူများအား ရေသယ်ယာဉ်နှစ်စီးဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် ရွာသစ်တောင်ကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေ ရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသဖြင့် မတ် ၂၁ ရက် နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းတို့ ပူးပေါင်းအဖွဲ့က ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။








