မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် စောင့်ကြည့်စင်တာ ပြင်ဆင်ထားရှိမှုအား တာဝန်ရှိသူများ စစ်ဆေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် စောင့်ကြည့်စင်တာ(သိမ်ဖြူ)ကို သိမ်ဖြူလက်ဝှေ့ရုံအတွင်း ပြင်ဆင်ထားရှိ ဆောင်ရွက်မှုအား ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းကာ စစ်ဆေးခဲ့ကြသည်။
မြောက်ဥက္ကလာပမြို့နယ် ရတနာသိင်္ဂီစျေး လမ်းဆုံများတွင် လက်ဆေးဘေစင်များ ဆောင်ရွက်ထားရှိ
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ရေသန့်ဌာနနှင့် စျေးများဌာနတို့ ပူးပေါင်း၍ (ဈ) ရပ်ကွက်၊ ရတနာသိင်္ဂီစျေး လမ်းဆုံများတွင် လက်ဆေးဘေစင်များကို ယမန်နေ့နံနက်ပိုင်းမှ စတင်ပြီး ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ချောက်မြို့တွင် LED ရုပ်သံပြစက်ဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ အသိပညာပေးပြသ
မကွေးတိုင်းဒေသကြီး ချောက်မြို့ အမှတ်(၁၀)ရပ်ကွက် လမ်းမတော်ရဲစခန်းလမ်းဆုံ၌ မတ် ၂၁ ရက်မှ စတင်ကာ ဒေသခံပြည်သူများ COVID-19 (ကိုရိုနာဗိုင်းရပ်စ်)ရောဂါ မဖြစ်ခင်က ကြိုတင်ကာကွယ် သိရှိနိုင်ရန် LED P-6 အမျိုးအစား ရုပ်သံထွက်ပြစက်ဖြင့် ပြသအသိပညာပေးသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၃၉၂ ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၃၉၂ ဦးတို့အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက
ခင်ဦးမြို့မဈေး၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လက်ဆေးကန်(ဘေစင်)များ တပ်ဆင်အသုံးပြု
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ မြို့မဈေး၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လက်ဆေးကန်(ဘေစင်)များကို မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီက တပ်ဆင်အသုံးပြုနေကြောင်း သိရသည်။
ပခုက္ကူတက္ကသိုလ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပထမနှစ်ဝက်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများအတွက် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
ပခုက္ကူတက္ကသိုလ်တွင် မတ် ၁၈ ရက်မှ ၂၅ ရက်အထိ ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်ဆိုင်ရာ အားလုံးဖြေဆိုကြရန် တက္ကသိုလ်ပညာရေးအဖွဲ့မှ ထုတ်ပြန်ကြေညာထားရာ ကမ္ဘာ့ကပ်ရောဂါ (COVID-19) ရောဂါကြောင့် ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ စာမေးပွဲကာလ ယာယီရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ကြသောကြောင့် (COVID-19) ရောဂါကို စိုးရိမ်၍ ဖြေဆိုလိုခြင်း မရှိသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ဇွန်လပိုင်းတွင် ပြန်လည်ဖြေဆိုခွင့်ပြုရန် ထပ်မံထုတ်ပြန်ထားကြောင်း သိရသည်။
မူဆယ်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိရောက်စွာကြိုတင်ကာကွယ်နိုင်ရေး မော်တော်ယာဉ်များကို ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးရည်ဖျန်းခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် 
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အဝေးပြေး သိန်းသန်းချီကားကွင်း၌ ယမန်နေ့ နံနက်ပိုင်းက မူဆယ်မြို့မှတစ်ဆင့် မြန်မာပြည်အနှံ့သို့ ထွက်ခွာသွားမည့်ယာဉ်များကို ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကော်မတီ(မူဆယ်)မှ အဖွဲ့ဝင်များ၊ အမှတ်(၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ စေတနာပရဟိတအသင်းဝင်များနှင့် နှလုံးလှပရဟိတအသင်းဝင်များက ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးရည်ဖျန်းခြင်းများ ဆောင်ရွက်သည်။