ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ Starway Aircon များနှင့် အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အစည်းအဝေးခန်းမတွင် မတ် ၂၂ ရက် နံနက် ၉ နာရီက ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများ တက်ရောက်ပါက ထားရှိရန်အတွက် Starway Aircon ၂၅ လုံးနှင့် Aircon Safeguard ၂၅ လုံးအပါအဝင် ဆေးရုံအထောက်အကူပြု ပစ္စည်းတို့ကို စေတနာရှင်တို့မှ လှူဒါန်းခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာအပန်းဖြေဆင်စခန်းတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် လက်ဆေးဘေစင်များ ဆောင်ရွက်ထားရှိ
ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာအပန်းဖြေဆင်စခန်း၌ လက်ဆေးဘေစင်များ စီစဉ်ဆောင်ရွက်ပေးထားကြောင်း အဆိုပါ အပန်းဖြေဆင်စခန်းမှ သိရသည်။ 
တင်ရီမ(ညောင်ဉီး)၏ ဒုတိယအကြိမ် စာပေဆုချီးမြှင့်ပွဲ ကျင်းပ
နေပြည်တော်စာပေဝိုင်း၊ ဂုဏ်ထူးဆောင်နာယက စာရေးဆရာမကြီး တင်ရီမ(ညောင်ဉီး)၏ ဒုတိယအကြိမ် စာပေဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ် ၂၂ ရက်က နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ Goden Plate စားသောက်ဆိုင်၌ ကျင်းပသည်။
ကလေး၊ မော်လိုက်၊ ခန္တီးခရိုင်များတွင် School Shelter ၊ School Cum Shelter နှင့် Cyclone Shelter များ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းမြစ်ရိုးတစ်လျှောက်နှင့် မြစ်သာမြစ်ရိုးတစ်လျှောက်ရှိ ကလေး၊ မော်လိုက်၊ ခန္တီးခရိုင်များတွင် School Shelter ၊ School Cum Shelter နှင့် Cyclone Shelter များ တည်ဆောက်လျက်ရှိရာ ၈၀ ရာခိုင်နှုန်း ပြီးစီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောကြားသည်။ 
ဝန်းသိုမြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ လက်တွေ့သရုပ်ပြ လေ့ကျင့်မှုများဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ရောဂါ မပြန့်ပွားစေရေးရည်ရွယ်လျက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကာကွယ်ရေးနှာခေါင်းစည်းများ၊ Family Care ဆပ်ပြာများ အခမဲ့ဖြန့်ဝေခြင်းများကို ယမန်နေ့ နံနက် ၇ နာရီက လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။ 
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ COVID-19 ကြိုတင်ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း၊ ကုသခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ် ၂၂ ရက် နံနက် ၉ နာရီက Coronavirus Disease 2019 (COVID-19) ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသရေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
စလင်းတမံ အကြီးစားပြင်ဆင်ခြင်းလုပ်ငန်း ၇၅ ရာနှုန်း ပြီးစီး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စလင်းရေလှောင်တမံ ရေပိုလွှဲပျက်စီးနေမှုကို ခွင့်ပြုငွေကျပ် သိန်း ၃၅၀၀ အကုန်ကျခံ၍ ဆည်မြောင်းတည်ဆောက်ရေးက မိုးမကျမီ ပြီးစီးနိုင်ရေးအတွက် ပြင်ဆင်လျက်ရှိရာ ယခုအခါ ၇၅ ရာနှုန်း ပြီးစီးနေပြီ ဖြစ်သည်။