ရွှေဘိုမြို့၌ ပင်စင်ထုတ်ယူရန်လာသော မိဘပင်စင်စားများအား ကိုယ်အပူချိန်တိုင်းခြင်းနှင့် လက်ဆေးခြင်း ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင်  COVID - 19 ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူရန်လာသော မိဘပင်စင်စားများအား ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် စနစ်တကျလက်ဆေးစေခြင်းများကို မတ် ၂၃ ရက် နံနက် ၈ နာရီက မြန်မာ့စီးပွားရေးဘဏ် ရွှေဘိုခရိုင်ဘဏ်ခွဲတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောမြို့နယ်  ပေါက်ချောင်းကျေးရွာမှ  မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် တင့်တူကျေးရွာအုပ်စု ပေါက်ချောင်းကျေးရွာ မီးဘေးသင့် အိမ်ထောင်စု (၁၈)စု အတွက် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဆောမြို့ သီရိရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညီညီညွန့် ဦးဆောင်သော ရပ်မိရပ်ဖများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကမ်းမည့်လက် လူငယ်ပရဟိတအဖွဲ့တို့သည် မတ် ၂၂ ရက် မွန်းလွဲပိုင်းက ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြကြောင်း သိရ
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၂-၃-၂၀၂၀) ရက်နေ့၊ ည (၁၀:၃၀) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည်

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၂-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
COVID-19 စောင့်ကြည့်ခံရသူများ ထားရှိရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် AYA Bank တို့ ပံ့ပိုးကူညီ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် AYA Bank တို့သည် ပြည်ပမှ ပြန်လည်ရောက်ရှိလာမည့် Covid 19 စောင့်ကြည့်ခံရသူများအား ထားရှိရန် ဝေဇယန္တာလမ်းမပေါ်ရှိ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)နှင့် တာမွေမြို့နယ်ရှိ AYA Bank သင်တန်းကျောင်း အဆောက်အဦများ ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။
မိုင်းဖြတ်မြို့နယ်တွင် သောက်သုံးရေအခက်အခဲရှိနေသော ကျေးရွာများသို့ သုံးရေများ သွားရောက်လှူဒါန်းပေး
ရှမ်းပြည်နယ်( အရှေ့ပိုင်း )၊  မိုင်းဖြတ်မြို့နယ်တွင်   မြို့နယ်ဘေးအန္တရာယ်စီမံခန့်မှုဆိုင်ရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းနှင့် ဝန်ထမ်းများသည် သောက်သုံးရေ အခက်အခဲရှိနေသော ကျေးရွာများသို့  ပေးလှူလျက်ရှိရာ  ယနေ့နံနက် ၁၀နာရီခွဲက     ဝမ်နောင်ကျေးရွာတွင်  လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ပါဆန်းကျေးရွာတွင်လည်းကောင်း ဂါလံ (၁၂၀ဝ)ဆံ့ မီးသတ်ယာဉ်ဖြင့် သောက်သုံးရေများကို  တစ်ရွာလျှင် တစ်စီးနှုန်းဖြင့် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၈/၂၀၂၀) ကျင်းပ
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၃၈/၂၀၂၀)ကို ယနေ့ညနေ ၅နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။