မိုးကောင်းမြို့၌ ပရိတ်တရားတော်များ ရွတ်ဖတ်မေတ္တာပို့

ပြည်နယ်သံဃာနာယကဥက္ကဌ ဘဒ္ဒန္တအာစိဏ္ဏ၏ဩဝါဒကိုခံယူ၍ မြို့နယ်သံဃာ့နာယကအဖွဲ့မှ ပရိတ်တရားတော်များ ရွတ်ဖတ်ဆုတောင်း မေတ္တာပို့ခြင်းကို ရွှေသာလျောင်းမြတ်စွာဘုရားကြီး၌ ယနေ့နံနက် ၈ နာရီခွဲတွင် ကျင်းပပြုလုပ်သည်။
လူစုလူဝေးရှိရာ ပင်လည်ဘူးမြို့ မြို့မဈေးအတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ပူးပေါင်း၍ မတ် ၂၁ ရက် နံနက်  ၇ နာရီတွင် လူစုလူဝေးရှိရာ မြို့နယ်စည်ပင်သာယာဈေးအတွင်း၌  ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး အသိပညာပေး လုပ်ငန်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တစ်ယောက်နှစ်အုပ်ယူ စတုဒိသာစာအုပ်အလှူ မင်းတပ်မြို့၌ ကျင်းပ
ချင်းပြည်နယ် မင်းတပ်မြို့ စံပြရပ်ကွက် မင်းတပ်-မတူပီကားလမ်း၌ ယနေ့ နံနက် ၈ နာရီတွင် နယ်လှည့် စာအုပ်ဈေးရောင်းသူများအဖွဲ့မှ တစ်ယောက်နှစ်အုပ်ယူ စတုဒိသာစာအုပ်အလှူ ကျင်းပကြောင်း သိရသည်။
ဘေးအန္တရာယ်ကင်း ပရိတ်တရားတော်များ အောင်လံမြို့တွင် ရွတ်ပွားပူဇော်
မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် သံဃာတော်များရွတ်ပွားပူဇော်သည့် ဘေးအန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ပွားခြင်းကို မတ် ၂၀ ရက်နေ့ ညနေ ၄ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပရိတ်တရားတော်များနာယူ၍ လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။ 
ကျွန်းစုမြို့တွင် အသေးစားလျှပ်စစ်ဓာတ်အားပေးစနစ် တည်ဆောက်ရေး စီမံကိန်းအတွက် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး 
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာဘဏ် နှင့် Techno-Hill Engineering Co,Ltd တို့မှ လျှပ်စစ်မီးမရရှိသေးသော ဝေးလံဒေသရှိလူနေမှု အဆင့်အတန်းမြင့်မားစေရန် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အသေးစားလျှပ်စစ်ဓာတ်အားပေးစနစ် တည်ဆောက်ရေးစီမံကိန်းအတွက် ဒေသခံ များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်က ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာ၊ မစမ်းပါးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ပုံငွေကျပ် ၈၉၀ ဒသမ ၉၈၂ သန်းဖြင့် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက် 
ရှမ်းပြည်နယ် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် ရီနွဲ့ကျေးရွာအုပ်စုရှိ ကျေးရွာ ၂၀ တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်ရန်ပုံငွေ ၈၉၀ ဒသမ ၉၈၂ သန်းဖြင့် သောက်သုံးရေ ဖူလုံစွာရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
လမ်းမတော်မြို့နယ်တွင် လိုင်စင်ရဆိုင်များ ကိုရိုနာဗိုင်းရပ်စ် (COVID -19) ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် လက်ကမ်းစာစောင်ဖြန့်ဝေ
လမ်းမတော်မြို့၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါကူးစက်မှုကာကွယ်နိုင်စေရေးအတွက် မြို့နယ် အုပ်ချုပ်‌ရေးမှူး  ဦးဝဏ္ဏထွန်း ဦးဆောင်၍ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ဝေသော အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေ၍ အသိပညာပေးခဲ့ကြောင်း သိရသည်။