မြဝတီမြို့၌ ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရန် ပြည်နယ်အစိုးရအဖွဲ့မှ ကွင်းဆင်းစီစဉ်

COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကြောင့် မြဝတီမြို့၌ နယ်စပ်ဂိတ်များ ပိတ်ပင်ခဲ့ပြီး တရားမဝင် နယ်စပ်ဖြတ်သန်းသွားလာမှု မရှိစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ လတ်တလော နယ်မြေဒေသ အခြေအနေအရ လှေဆိပ်များမှတစ်ဆင့် သောင်ရင်းမြစ်အတွင်းဖြတ်သန်းသွားလာလျက်ရှိသည့် လုပ်သားပြည်သူအများ သွားရေးလာရေး အခက်အခဲများနှင့်  ကြုံတွေ့နေရကြောင်း သိရှိရပါသဖြင့် ပြည် နယ်အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှပြေးဆွဲခွင့်ပြုထားသည့် စက်လှေဂိတ်များ ဖြစ်သည့် Seagull ဂိတ်၊ ဘောဂိတ် နှင့် မိုးကုတ်ဂိတ်များ မှ တစ်ဆင့် မတ် ၂၀ ရက်နေ့မှစ၍ နံနက် ၆ နာရီ မှ ၉ နာရီ အတွင်း နှင့် ညနေ ၄ နာရီ မှ ၇ နာရီအတွင်း သောင်ရင်းမြစ်အတွင်းမှ ဖြတ်သန်းသွားလာနိုင်ရေးအတွက် မတ် ၂၀ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ မှ ကွင်းဆင်းပေါင်းစပ်၍ ယာယီအားဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့မဈေး ပိတ်မည်ဆိုသည့် သတင်းမမှန်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှုနှင့်ပတ်သတ်၍ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မင်းလှမြို့မဈေးနှင့် စစ်ကွင်းဈေးပိတ်မည်ဆိုသည့်သတင်း မဟုတ်မမှန် ကောလာဟလသတင်းဖြစ်ကြောင်း မတ် ၂၀ ရက် မွန်းလွဲ ၃ နာရီချိန်က လိုက်လံကြေညာခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးစာစောင်အား မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်(စ်) ပြင်းထန်အဆုတ်ရောင် ရောဂါကြိုတင်ကာကွယ်နိုင်စေရန်နှင့် ကျန်းမာရေး ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အကြီးအကဲ၏ ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများနှင့် ကိုရိုနာဗိုင်းရပ်(စ်)အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာများနှင့်စာစောင်များကို ပြသဆောင်ရွက်ထားလျက်ရှိသည်။
လူမှုဖူလုံရေး အာမခံကြေးထည့်ထားသူများ အလုပ်လက်မဲ့ဖြစ်ပါက လူမှုဖူလုံရေးဥပ‌‌ဒေအရ အကျိုးခံစားခွင့် ရရှိမည်

မီးဝစခန်းအား ရက်ပေါင်း ၄၀ ကျော်ကြာ ဝိုင်းပတ်ပိတ်ဆို့ ထားသည့် AA အဖွဲ့အား တပ်မတော်စစ်ကြောင်းများ က တွန်းလှန်တိုက်ထုတ်နိုင်ခဲ့

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက်များ ထုတ်ပြန်
mdn