ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် Record of Discussion (RoD) လက်မှတ်ရေးထိုးပွဲ အခမ်းအနား တက်ရောက်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Korea International Cooperation Agency (KOICA) တို့သည် “Establishment of Vehicle Information Management System for Vehicle Inspection, Registration and Driving License In Myanmar” Project အတွက် Record of Discussion (RoD) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။







