ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးအပ်သည့်  မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကော့သောင်း နယ်စပ်ဂိတ်မှ  ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ကူးစက်ရောဂါစစ်ဆေးပြီး ပြန်လည်လက်ခံ

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံဥပဒေများအရ အရေးယူခံရပြီး  မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ယမန်နေ့ ညနေပိုင်းက လာရောက်လွဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၃၃ ဦး စုစုပေါင်း အလုပ်သမား ၁၀၁ ဦးကို မြို့မဆိပ်ကမ်းဗောတံတားတွင် မြို့နယ် ကျန်းမာရေးဌာနဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ရောဂါ သံသယရှိသူများနှင့် ကူးစက်ခံရသူများ ပါဝင်လာခြင်းရှိစေရေး စစ်ဆေးပြီး ပြန်လည်လက်ခံခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ် Y Complex Project  Construction ၌ ကိုရိုနာဗိုင်းရပ်စ်  အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊    ဒဂုံမြို့နယ်၊   ရွှေတိဂုံဘုရားလမ်းပေါ်ရှိ   Y     Complex     Project Construction ၌   ကိုရိုနာဗိုင်းရပ်စ် ပတ်သက်သည့် အသိပညာပေးခြင်းကို   မြို့နယ်ပြည်သူ့ကျန်းမာရေး  ဦးစီးဌာနမှ ဒေါက်တာရွှေပြည်နှင့်   ကျန်းမာရေးဝန်ထမ်းများသည်  ယမန်နေ့နံနက် ၁၁ နာရီက စီမံကိန်း လုပ်ငန်းဆောင်ရွက်နေသော ဝန်ထမ်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ တိုင်းရင်းသားပုံပြင်စာအုပ်များ လှူဒါန်း
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အများပြည်သူများနှင့် ကလေးငယ်များ တိုင်းရင်းသားစာပေများ လေ့လာဖတ်ရှုနိုင်ရန်နှင့် တိုင်းရင်းသားကလေးငယ်များ မိခင်ဘာသာစကားတတ်မြောက်မှု ရင်းနှီးကျွမ်းဝင်မှု မြင့်မားလာစေရန် မြန်မာစာပေနှင့်မြန်မာစကား လေ့လာရာတွင် အထောက်အကူပြုစေရန်အတွက် UNICEF မြန်မာမှ တိုင်းရင်းသားဘာသာပုံပြင်စာအုပ်များ လာရောက်လှူဒါန်းပေးထားကြောင်းသိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် (COVID-19 )ရောဂါကာကွယ်ရေး လက်ဆေးကြပါစို့ campaign ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း ယမန်နေ့ မနက် ၈ နာရီကစ၍ COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းတစ်ခုဖြစ်သော လက်ကိုစင်ကြယ်စွာ ဆေးကြောကြရန် သရုပ်ပြကမ့်ပိန်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်နေမှုအခြေအနေများ   ကွင်းဆင်းကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်နေမှု အခြေအနေများကို မတ် ၂၀ ရက် နံနက် ၉ နာရီက ရွှေလှေကျေးရွာတွင်  မုံရွာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးနှင့် တာဝန်ရှိသူများက ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာ၌ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မြိုင်မြို့၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးသန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲပြုလုပ်
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို မတ် ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်ဆေးရုံတွင် ပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်အတွင်း နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှုဖြစ်ပေါ်လာပါက ဆက်သွယ် အကူအညီ တောင်းခံနိုင်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေရာသီကာလအတွင်း သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရုံးဖုန်းနံပါတ်၊ ဝန်ထမ်းများ၏ ဖုန်းနံပါတ်များသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်အကူအညီ တောင်းခံ နိုင်ပါကြောင်း မြို့နယ် ဦးစီးအရာရှိ ဦးစောအောင်မျိုးမြင့်ထံမှ သိရ