ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
စိုက်ပျိုးရေး၊ မွေးမြူရေးဆည်မြောင်းဝန်ကြီးဌာန၊ မိုင်းရှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် မိုင်းရှူးမြို့နယ်၊ နမ့်တောင်ကျေးရွာအုပ်စု၊ ဟိုဆူကျေးရွာ ရေတားတမံ တည်ဆောက်ခြင်း၊ ဂါလန်(၅၀ဝ၀)ဆံ့ ကန်တည်ဆောက်ခြင်းနှင့် ရေပိုက်(၈၀ဝ၀)ပေသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်၊ ဒေါ်နန်းကောင်ခမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်နှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။







