ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ချောင်းဦးမြို့ စည်ပင်သာယာမြို့မဈေးကြီး၌ လက်ဆေးဘေစင်များ ထားရှိ

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ စည်ပင်သာယာ မြို့မဈေးကြီး၌ လက်ဆေးဘေစင်များကို မတ် ၂၀ ရက် နံနက်(၇)နာရီ  အချိန်က စတင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ထားရှိခဲ့ကြောင်းသိရ
လက်ပံတန်းမြို့နယ်အတွင်း အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် မတ်လ ၂၀ ရက်နေ့ နံနက် ၅ နာရီ ချိန်မှ ၁၀ နာရီခွဲအချိန်ထိ လက်ပံတန်းမြို့ မင်းရပ်ရပ်ကွက် လမ်းမတော်လမ်းရှိ အောင်သုခ ကျောင်းတိုက် ဆရာတော် ဥူးကေသရ (မြို့နယ်သံဃနာယက ဥက္ကဋ္ဌ) ဦးဆောင်၍ မြို့ပေါ်ကျောင်းတိုက်များမှ သံဃာတော်(၄၅)ပါးခန့်သည် မော်တော်ယာဉ်(၁၆) စီးဖြင့် လက်ပံတန်း မြို့နေ ပြည်သူများအား လက်ရှိ ဖြစ်ပွား လျက်ရှိသည့် ကမ္ဘာ့ကပ်ရောဂါဆိုး (COVID - 19)) နှင့် အခြားသော ဘေးအန္တရာယ်များမှ ကင်းဝေးစေရန်အတွက် မြို့ပေါ်(၄)ရပ်ကွက်နှင့် ရန်ကုန်-ပြည်ကားလမ်းတစ်လျောက် မြို့နယ်အစအဆုံး အန္တရာယ်ကင်း ပရိတ်များအား လှည့်လည်ရွတ်ဖတ်ခဲ့ကြောင်း သိရှိရ
ပုဗ္ဗသီရိမြို့နယ်၌ လျှပ်စစ်မီတာခလာဆောင်သူများ ကိုရိုနာဗိုင်းရပ်စ် COVIE-19 ကာကွယ်ရေး လက်ဆေးကန်များ ထားပေးလျက်ရှိ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဉတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် လျှပ်စစ်မီတာခများ လာရောက်ပေးသွင်းလျက်ရှိသည့် ပြည်သူများကို ကိုရိုနာဗိုင်းရပ်စ် COVIE-19 ရောဂါကာကွယ်ရေးအတွက် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးက ငွေသွင်းကောင်တာအနီးတွင် လက်ဆေးကန်နှင့် Hand Sanitizer များထားပေးလျက်ရှိကြောင်း သိရ
မင်းဘူးမြို့နယ်ရှိ ဇီးဖြူကုန်းကျေးရွာ၌ သောက်သုံးရေရရှိရေး စက်ရေတွင်းတူဖော်ပေး
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်  ဇီးဖြူကုန်းကျေးရွာရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိရေးနှင့် နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့်အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေ
ကိုရိုနာဗိုင်းရပ်စ် (COVID-19 )ရောဂါ ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့်အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို မတ် ၁၉ ရက်နေ့ ညနေက ညောင်လေးပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လူစည်ကားရာနေရာများမှာ ဆောင်ရွက်ခဲ့ကြောင်းသိရ
မိုးကောင်းမြို့၌ "COVID-19 ရောဂါ မိမိကစကာကွယ်ပါ" အစီအစဉ်ဖြင့် လူထုအသိပညာပေး
ကချင်ပြည်နယ် မိုးကောင်းမြို့တွင် "COVID-19 ရောဂါ မိမိကစကာကွယ်ပါ" အစီအစဉ်ဖြင့် လူထုအသိပညာပေးခြင်းကို မတ် ၂၀ ရက် နံနက် ၈ နာရီက လူစုလူဝေးများပြားရာနေရာဖြစ်သည့် မြို့မစည်ပင်သာယာဈေးတွင် ကျင်းပပြုလုပ်သည်။
ငဖဲမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေးအတွက် လက်ဆေးဘေစင်ထားရှိပေး
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ယနေ့နံနက်ပိုင်းမှစ၍ လက်ဆေးဘေးစင်တစ်ခု တပ်ဆင် ထားရှိပေးထားကြောင်း သိရသည်။