နမ္မတူမြို့နယ်၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေး

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းယောင်း၌ COVID-19 ဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှု ဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ COVID-19 အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းက ဝမ်ပုံကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ခရမ်းညိုသီးစိုက် တောင်သူများ ဈေးကောင်းရရှိသဖြင့် လုပ်ငန်းအဆင်ပြေ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ယောစုကျေးရွာရှိ ခရမ်းညိုသီးစိုက်တောင်သူများ စိုက်ခင်းများအောင်မြင်ပြီး ဈေးကောင်းရသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
နန္ဒဝန်ဈေး၌ COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြော
တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းကို မတ် ၁၄ ရက် နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေး၌ ပြုလုပ်ခဲ့သည်။
(၆၂) နှစ်မြောက် စုပေါင်းရိုးရာ ကေ့ထျိုးဘိုးပွဲတော်အား စည်းကားသိုက်မြိုက်စွာ မကျင်းပတော့ဘဲ ရိုးရာအကြီးအကဲများနှင့် တာဝန်ရှိသူများသာ ဦးစီးဦးဆောင်၍ အကျဉ်းချုံး ကျင်းပသွားမည်
ကမ္ဘာတစ်ဝှမ်းတွင် ကူးစက်ပျံ့နှံ့နေသော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019/ Covid-19) ကြောင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုး ကျေးရွာအုပ်စု ဖဲလျားကျေးရွာတွင် မတ် ၂၃ ရက်မှ ၂၈ ရက်ထိ ကျင်းပမည့် (၆၂) နှစ်မြောက် ကယားပြည်နယ် လုံးဆိုင်ရာ စုပေါင်းရိုးရာကေ့ထျိုးဘိုးပွဲတော်အား စည်းကားသိုက်မြိုက်စွာ မကျင်းပတော့ဘဲ ရိုးရာအစဉ်အလာနှင့်အညီ သက်ဆိုင်ရာ အီလူးဗျာကျယ်(ရိုးရာအကြီးအကဲ) များနှင့် တာဝန်ရှိသူများသာ ဦးစီးဦးဆောင်၍ အကျဉ်းချုံး ကျင်းပသွားမည်ဖြစ်ကြောင်း (၆၂) နှစ်မြောက် စုပေါင်းရိုးရာ ကေ့ထျိုးဘိုးပွဲတော် ကျင်းပရေးဦးစီးကော်မတီမှ မတ် ၁၆ ရက်တွင် အသိပေးထုတ်ပြန်ခဲ့
ဂန့်ဂေါမြို့နယ်တွင် COVID – 19 အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးလုပ်ငန်းများ အသိပညာပေး ရှင်းလင်း
COVID – 19 အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးလုပ်ငန်းများ အသိပညာပေး ရှင်းလင်းပွဲကို မတ် ၁၆ ရက် နံနက် ၁၀ နာရီက ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်
ချောင်းဆုံမြို့နယ် မဟာကန်တော်ကြီးတူးဖော်နေစဉ် ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ချောင်းဆုံအနောက်ရပ်ကွက်၊ မဟာကန်တော်ကြီးတွင် မတ်လ ၁၅ ရက်နေ့ ညနေ၆ နာရီခန့်က မြေကော်စက်ဖြင့် မြေတူးဖော်နေစဉ် အရှည်(၃ပေ ၁၀လက်မ) လုံးပတ် (၁ပေ ၆ လက်မ)ခန့်ရှိ ဒုတိယ ကမ္ဘာစစ်အကြွင်းအကျန် လေယာဉ်ချဗုံးဟုယူဆရသည့် ဗုံးသီးဟောင်း တစ်လုံး တွေ့ရှိခဲ့ကြောင်း သိရ