ကျွန်းစုမြို့တွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကျိုးကျရာ နေအိမ်တစ်လုံး လဲပြို
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့တွင် မတ်လ ၁၅ ရက် နေ့လယ် ၃ နာရီခွဲတွင် ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၃)ရပ်ကွက် ပုန်းညက်မြိုင်(၂)လမ်းရှိ အမြင့်(၆၀) ပေ၊ လုံးပတ်(၃)ပေခန့်ရှိ သရက်ပင်တစ်ပင် ကျိုးကျမှုဖြစ်ပွားခဲ့ပြီး နေအိမ်ပေါ်သို့ လဲပြိုကျမှုဖြစ်ပွားခဲ့သည်။







