ကျောက်ကြီးမြို့နယ် ကျွန်းပင်ဆိပ်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ပစ္စည်းပေးအပ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကျွန်းပင်ဆိပ်ကျေးရွာ၊ ရွှေဘုန်းဘက်စုံသုံးခန်းမဆောင်၌ တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးအာကာကိုကို ဦးဆောင်သော ဝန်ထမ်းများသည် မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများကို ယနေ့ညနေပိုင်းတွင် ပေးအပ်ခဲ့သည်။






