ထီးလင်းမြို့၌ နွေစပါးကောက်စိုက်လုပ်ငန်းများ စတင်လျက်ရှိ

ဂန့်ဂေါခရိုင် ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက် (ရပ်မကွင်း)တွင် ယခုအခါ ပျိုးနုတ်ခြင်း၊ လယ်ယာမြေများ ထွန်ယက်ပြုပြင်ခြင်း စသည့် နွေစပါးကောက်စိုက်လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
စျေးဝယ်သူများ၏ လိုအပ်သည်များကို City Mart မှ ကြိုးစားဖြည့်တင်းပေးနေ
စျေးဝယ်သူ မိဘပြည်သူများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးရန် ပထမဦးစားပေးအဖြစ် သတ်မှတ်ထားပြီး ဆိုင်ခွဲများ၏ စင်များပေါ်တွင် ပစ္စည်းပြတ်လပ်မှု အနည်းဆုံးဖြစ်အောင် ကြိုးစားဖြည့်တင်းပေးနေပါသည်ဟု City Mart Supermarket Myanmar ၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြထားသည်။
မြေအောက်အနက် ပေ ၇၀၀ ခန့်တွင် အောက်ဆီဂျင်ပြတ်တောက်၍ ပိတ်မိနေသူ တွင်းလုပ်သား ၁၅ ဦးကို ကယ်ဆယ်နိုင်ခဲ့
မတ် ၁၄ ရက် ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကသဲအုပ်စု၊ ညောင်ပင်ကြီးရပ်၊ အုန်းပင်လူးကျင်းလုပ်ကွက် မြေအောက်အနက် ပေ ၇၀၀ ခန့်တွင် တွင်းလုပ်သား ၁၅ ဦးခန့် အောက်ဆီဂျင်ပြတ်တောက်၍ ပိတ်မိနေကြောင်း
ဘုတလင်၊ မော်လိုက်၊ ပုလဲမြို့နယ်များတွင် ကုန်ထုတ်လမ်း ငါးလမ်း၊ ရေကျော်တံတား ငါးစင်းနှင့် Box Culvert သုံးစင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုတလင်၊ မော်လိုက်၊ ပုလဲမြို့နယ်များတွင် ကုန်ထုတ်လမ်း ငါးလမ်း၊ ရေကျော်တံတား ငါးစင်းနှင့် Box Culvert သုံးစင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေ ကျပ် ၂၅၆ ဒသမ ၈ သန်းဖြင့်
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား နေပြည်တော်တွင်ကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စားသုံးသူရေးရာဉီးစီးဌာနက ကျင်းပပြုလုပ်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးတွင် ကျင်းပသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ရပ်ဝေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တွေ့ဆုံအားပေး
တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှစ၍ ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် မတ် ၁၄ ရက် နံနက်ပိုင်းက ဘားအံမြို့ပေါ် စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုနေကြသည့် ရပ်ဝေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
လေထုညစ်ညမ်းမှုကြောင့် လေယာဉ်ခရီးစဉ်များ အချိန်ရွှေ့ဆိုင်းရသော်လည်း ခရီးစဉ်များ ပုံမှန်ပြေးဆွဲလျက်ရှိပြီး COVID-19 စောင့်ကြပ်ကြည့်ရှုမှု ကြပ်မတ်စစ်ဆေးလျက်ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မီးခိုးမြူငွေ့များ ထူထပ်မှုကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်ပြီး လေကြောင်းလိုင်းခရီးစဉ် ဆင်းသက်ချိန်များ နောက်သို့ရွှေ့ဆိုင်း ပျံသန်းရသော်လည်း ခရီးသည်တင်လေကြောင်းလိုင်းများ နေ့စဉ်ပုံမှန် ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။