ဖားကန့်၌ ကျောက်စိမ်းတူးဖော်ရန် လက်လုပ်လက်စား လုပ်ကွက်(၃၇၆)ကွက်အား အိတ်ပိတ်တင်ဒါစနစ်ဖြင့် ခွင့်ပြုခဲ့ရာလုပ်ကွက်(၁၄၁)ကွက်သာ လာရောက်လျှောက်ထား

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ လုံးခင်း/ဖားကန့် ရတနာနယ်မြေအတွင်း ကျောက်စိမ်းတူးဖော်ရန် လက်လုပ်လက်စား လုပ်ကွက်(အသစ်) လုပ်ကိုင်လိုသူများအတွက် မတ် ၃ ရက်မှ ၁၃ ရက်အထိ မော်ဝမ်းရပ်ကွက်ရှိ စုပေါင်းရုံးအဝင် OSS (One Stop Service)ရုံး၌ လုပ်ကွက်လျှောက်လွှာများအား စိစစ်ရောင်းချပေးခဲ့ရာ ခွင့်ပြုလုပ်ကိုင်ခွင့်ပြုမည့် လုပ်ကွက် (၃၇၆)ကွက်အနက် လျှောက်လွှာပေါင်း (၃၃၂)စောင် ရောင်းချခဲ့ရသော်လည်း လျှောက်လွှာတင်သူ (၁၄၁)ဦးသာရှိခဲ့ကြောင်း သိရသည်။
ပြည်တွင်းဈေးကွက် ဝယ်လိုအားကောင်းမွန်မှုကြောင့် ပြောင်းစိုက်တောင်သူများ အဆင်ပြေ
ရာသီအလိုက် စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်ကြသည့် တောင်သူများအနေဖြင့် သီးနှံပေါ်ချိန်တွင် ဈေးကွက်ကောင်းမွန်မှု မရှိသည့်အတွက် နှစ်စဉ်လိုလို အခက်အခဲများစွာဖြင့် ကြုံတွေ့နေကြရပြီး ယခုနှစ် နွေကာလ ပဲအမျိုးမျိုးနှင့် ပြောင်းဈေးကွက်ပေါ်ချိန်၌ ဈေးကွက်ကောင်းမွန်၍ စိုက်ပျိုးလုပ်ကိုင်ကြသည့် တောင်သူတိုင်းလိုလို အဆင်ပြေကြသည်ကို တွေ့ရှိရသည်။
လွိုင်လင်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်ရေး လှုပ်ရှားမှုများဆောင်ရွက်
ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း (၁၅၀)ကျော်၌ ကူးစက်ပြန့်ပွားလျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် အဆိုပါဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ မရှိသေးကြောင်း သိရသည်။
လူစည်ကားရာနေရာများတွင် (COVID-19) ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများ စိုက်ထူ 

လှိုင်းဘွဲ ၁၅ မတ်

 

လပွတ္တာမြို့နယ်တွင် ကိုရိုနာဗိုင်းရပ် ရောဂါလက္ခဏာအကြောင်း အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့ပေါ်ရှိ လူမှုရေးအဖွဲ့အစည်းများစုပေါင်း၍ ကိုရိုနာဗိုင်းရပ်ရောဂါလက္ခဏာအကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များကို လူစည်ကားရာ စျေးများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်နှင့် တစ်အိမ်တက်ဆင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဆောင်ရွက်ကြကြောင်း သိရသည်။
သုံးခွမြို့နယ်လက်ပန်စံပြကျေးရွာတွင်COVID-19ကြိုတင်ကာကွယ်နိုင်ရန်အသိပညာပေးဟောပြော
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လက်ပန်စံပြကျေးရွာ ဘက်စုံသုံးခန်းမ၌ မတ် ၁၄ ရက် မွန်းတည့် ၁၂ နာရီက ကမ္ဘာတစ်ဝန်း ပျံ့နှံ့ဖြစ်ပွားလျက်ရှိသော COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပကြောင်း သိရှိရသည်။
ကသာပြည်သူ့ဆေးရုံကြီးတွင် ဖျားနာသောလူနာများအတွက် (၂)ထပ်တိုးချဲ့လူနာဆောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှ အပ်နှံသည့် ကသာပြည်သူ့ဆေးရုံကြီး၏ (၂)ထပ်တိုးချဲ့လူနာဆောင်အား  ဖေဖော်ဝါရီလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ