သာစည်မြို့ ဇေယျသုခရေလှူအသင်း နွေရာသီ ရွေ့လျားရေလှူစခန်းများ ဖွင့်ပွဲနှင့် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးလုပ်ငန်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း သောက်သုံးရေ ရှားပါးခက်ခဲသည့် ရပ်ကွက်ကျေးရွာများသို့ ရေသယ်ယာဉ်များဖြင့် နှစ်စဉ်ရေလှူဒါန်းပေးလျက်ရှိသော ဇေယျသုခရေလှူအသင်း နွေရာသီ ရွေ့လျားရေလှူစခန်းများ ဖွင့်ပွဲနှင့် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးလုပ်ငန်းများကို မတ် ၁၅ ရက် နံနက် ၇ နာရီခွဲက သာစည်မြို့ အမှတ်(၄)ရပ်ကွက် ဆိုင်လိုဝင်းရှေ့၌ ပြုလုပ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးကြိုစပါး စတင်စိုက်ပျိုးနေပြီဖြစ်ပြီး လယ်ယာမြေအများစု သမားရိုးကျ မျိုးစေ့ကြဲပက်ခြင်းထက် တိုက်ရိုက်မျိုးစေ့ချကိရိယာများ အဓိကထား သုံးစွဲလာ 
မြန်မာနိုင်ငံ အထက်ပိုင်းဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးများရှိ ဆည်ရေသောက် ဧရိယာများတွင် မိုးကြိုစပါး စတင်စိုက်ပျိုးနေကြပြီဖြစ်ပြီး လယ်ယာမြေအများစုတွင် သမားရိုးကျ လူအင်အားဖြင့် မျိုးစပါးကြဲပက်ခြင်းထက် တိုက်ရိုက်မျိုးစေ့ချ ကိရိယာများကို အသုံးပြုလာပြီဖြစ်ကြောင်း အဆိုပါဒေသခံ လယ်သမားကြီးများထံမှ သိရသည်။ 
စာရေးဆရာကြီး ဇေယျ၏ နှစ်(၁၂၀)ပြည့်အထိမ်းအမှတ် ဂုဏ်ပြုရုပ်တုဖွင့်ပွဲ မြန်မာ့မျက်ပွင့်စာကြည့်တိုက်တွင် ပြုလုပ်
နိုင်ငံကျော်စာရေးဆရာကြီး ဇေယျ(ဦးယော)၏ နှစ်(၁၂၀)ပြည့်အထိမ်းအမှတ် ဂုဏ်ပြုရုပ်တု ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည် ကားလမ်းရှိ မြန်မာ့မျက်ပွင့် စာကြည့်တိုက်တွင် ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ချောက်မြို့နယ်အတွင်း နွေရာသီရေရှားပါးမှု မရှိစေရေး ကျေးရွာခြောက်ရွာ၌ စက်ရေတွင်းတူးဖော်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်း ကျေးလက်ဒေသ နွေရာသီ ရေရှားပါးပြတ်လပ်မှု မရှိစေရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေရန်ရည်ရွယ်၍ ထိန်စမ်းကျေးရွာ၊ တည်ပင်ကန်ကျေးရွာ၊ ကံသာကျေးရွာ၊ ဆူးတပ်ကျေးရွာ၊ ထန်းစုရွာသစ်ကျေးရွာ၊ မြေစွန်း(အနောက်) ကျေးရွာများတွင် အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဒဂုံမြို့နယ်၌ COVID-2019 ကြိုတင်ပြင်ဆင်မှု အသိပညာပေးခြင်းများ ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၌ COVID-2019 ပတ်သက်သည့် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေး အသိပညာပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ကြောင်း သိရသည်။
ရေရှားပါးပြတ်လပ်နေသော ရပ်ကွက်များသို့ မြို့နယ်စည်ပင်မှ ရေသည်ယာဥ်များဖြင့် သောက်သုံးရေများဖြန့်ဝေ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေသည်ယာဥ် ၂ စီးနှင့် ဒေသခံပြည်သူများ စုပေါင်းလှူဒါန်းထားသော မီးသတ်ယာဥ် ၁ စီးတို့ဖြင့် ယနေ့ နံနက် ၁၀ နာရီက သောက်သုံးရေပြတ်လပ်နေသော အတ္တရံရပ်ကွက်၊ ရှင်စောပုရပ်ကွက်များရှိ ပြည်သူများထံ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ လက်ကမ်းစာစောင်များ ဂန့်ဂေါတွင် ဖြန့်ဝေ
ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ဂန့်ဂေါမြို့၊ မြို့မစျေးတွင် စားသုံးသူရေးရာဦးစီးဌာန ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒေါ်စိုးယုဆွေဦးဆောင်၍ ယနေ့နံနက်က လက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။