(၁၈)ကြိမ်မြောက် ဆရာဝန်တင်ရွှေ စာပေဆုကြေညာ

စာရေးဆရာကြီး ဆရာဝန်တင်ရွှေ အထိမ်းအမှတ် စာပေဆုများကို ၂ဝဝ၁ ခုနှစ်မှစတင်၍ ချီးမြှင့်ခဲ့ရာ ယခုနှစ်အတွက် “စာပေဂုဏ်ဆောင်ဆုနှင့်အတူ စာမူဆုတစ်ဆု အပါအဝင် ၂၀၁၈ ခုနှစ်ထုတ် စာအုပ် ၃ အုပ်ကို ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း
တောင်သာမြို့နယ်ရှိ အသေးစားရေနံချက်လုပ်ငန်း (Mini Refinery) စမ်းသပ်လည်ပတ်
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ကျောဇီကျေးရွာအနီးရှိ MCCM Co., Ltd ၏ အသေးစားရေနံချက်လုပ်ငန်း (Mini Refinery) စမ်းသပ်လည်ပတ်နေမှုကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် နှစ်ပတ်လည် အစည်းအဝေးကျင်းပ
အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SME Development Bank) ၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အထွေထွေအစည်းဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပရာ
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ်(၃) တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာရေး၊ ကုန်စည်စီးဆင်းမှုတွင် အဓိကအရေးပါသည့် ရန်ကုန် - သန်လျင် - သီလဝါ အထူးစီးပွားရေးဇုန်တို့ကို အလွယ်တကူ ဆက်သွယ်သွားလာနိုင်သည့် ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ်(၃) တည်ဆောက်ရေးလုပ်ငန်းများကို
ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
မကွေးတိုင်းဒေသကြီး   မြိုင်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက   ကျောက်ဆောက်ကျေးရွာတွင် ကျင်းပခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာများ နွေရာသီသောက်သုံးရေပြတ်လပ်မှုဖြစ်‌ပေါ်ပါက ဆက်သွယ်အကူအညီတောင်းနိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်ခဲ့ပါက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ရေးကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်ထံမှ သိရသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရဲတပ်မှ မြို့နယ်အတွင်း မှုခင်းအန္တရာယ်လျော့နည်း ကျဆင်းလာစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ငွေတောင်ကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာခန်းမဆောင်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။