ဒေးဒရဲမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကဗျာရေးသားနည်းသင်တန်း ဖွင့်လှစ်မည်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အနာဂတ်လူငယ်လူရွယ်များ အသိပညာ ဗဟုသုတတိုးပွားလာစေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အခြေခံကဗျာရေးသားနည်းများအား ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ အလယ်တန်းနှင့် အထက်တန်းအဆင့် အခြေခံကဗျာရေးသားနည်းသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မတ်လ ၁၆ ရက်နေ့မှ စ၍ အခမဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။







