ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရဲတပ်မှ မြို့နယ်အတွင်း မှုခင်းအန္တရာယ်လျော့နည်း ကျဆင်းလာစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ငွေတောင်ကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာခန်းမဆောင်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက   ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် .............
ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် အလုပ်သင်ဝန်ထမ်းများအား အပတ်စဉ်စနေနေ့တိုင်း ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ အလုပ်သင်ဝန်ထမ်းများအား ဘက်စုံလုပ်ငန်း ကျွမ်းကျင်မှုရှိစေရန်အတွက် ရည်ရွယ်၍ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ယနေ့ နံနက် ၉ နာရီက ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြား ပို့ချပေးနေကြောင်း သိရသည်။ 
လေးမျက်နှာမြို့နယ်ရှိ ဖြူစင်မေတ္တာနာရေးနှင့် လူမှုကူညီရေးအသင်းသို့ အသက်ကယ်အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်း
ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကြီး ပေါက်ကုန်းအုပ်စု၊ နင်းကြမ်းကျေးရွာရှိ ဖြူစင်မေတ္တာနာရေးနှင့် လူမှုကူညီရေးအသင်းသို့ အသက်ကယ်အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို အဆိုပါကျေးရွာရှိ ဗုဒ္ဓဝါဒီ ကျောင်းတိုက်၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ခင်ဦးမြို့နယ်၌ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း ၁၀ဝ၀ ပေးအပ်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၌ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း ၁၀ဝ၀ ပေးအပ်ပွဲကို မတ် ၁၄ ရက်နေ့ နံနက် ၁၀ နာရီက ခင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
COVID-19 ကြောင့် ယခုနှစ်တွင် မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော် ကျင်းပတော့မည်မဟုတ်
COVID-19 ကြောင့် ယခုနှစ်တွင် မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော် ကျင်းပတော့မည်မဟုတ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ဝူဟန်မြို့တွင် ကျန်ရှိခဲ့သော မြန်မာပညာသင် ကျောင်းသား ၂ ဦး ပြန်လည်ရောက်ရှိ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့ရှိ မြန်မာပညာသင် (၆၃) ဦးအား မြန်မာနိုင်ငံမှ အထူးလေယာဉ်ဖြင့် ဖေဖော်ဝါရီ ၂ ရက်က သွားရောက်ခေါ်ဆောင်ရာတွင် ကျန်ရှိခဲ့သော မြန်မာ ပညာသင် ကျောင်းသူကျောင်းသား (၂)ဦးအား အိန္ဒိယနိုင်ငံအစိုးရ၏အကူအညီဖြင့် ဖေဖော်ဝါရီ ၂၇ ရက် တွင် နယူးဒေလီမြို့သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး နယူးဒေလီမြို့တွင် စောင့်ကြည့်ကာလ (၁၄) ရက် နေထိုင်ခဲ့ကြောင်း သိရသည်။