မုံရွာမြို့နယ်တွင် အထွက်နှုန်းကောင်း ယိုးဒယားပိန္နဲမျိုးများ ဖြစ်ထွန်းအောင်မြင်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ကြာပိုင်ကျေးရွာတွင် စိုက်ပျိုးလျက်ရှိသော အထွက်နှုန်း ကောင်း ယိုးဒယားပိန္နဲမျိုးများမှာ စိန်စံတော် အမွှာကြီး (ငါးမွှာတစ်ကီလို)၊ ပိန္နဲသုံးရာသီ (တစ်နှစ်လုံး သီး)၊ ပိန္နဲသူရိယအနီရောင်၊ ပိန္နဲအလုံးကြီး အမွှာကြီး ( တစ်နှစ်လုံးသီး) တို့ကို ကိုင်းထပ်ဆက်ပျိုး သော နည်းပညာဖြင့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ ပိန္နဲမျိုးအားလုံးသည် အိမ်မာမျိုးများဖြစ်၍ အသား ကြွပ်ချိုပြီး အရသာအထူးကောင်းမွန်သောကြောင့် စီးပွားဖြစ်စိုက်ပျိုးရန်သင့်တော်သည့် အပင်မျိုးဖြစ်ပါကြောင်း စိုက်ပျိုးရေးပညာရှင် ဦးမျိုးတင့်အောင်မှ ပြောကြားသည်။







