မိတ္ထီလာ၌ မြစိမ်းရောင်စီမံကိန်းဖြင့်  လုပ်ငန်းဆောင်ရွက်ထားမှုများအား ကွင်းဆင်းစစ်ဆေး

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို  ယနေ့ နံနက် ၉ နာရီက မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းရှိ သပိတ်ဆေးစခန်းနှင့် ဘုရားရင်ပြင်တော်၌ ပညာပေးပြခန်းများ ဖွင့်လှစ်ပြသထားရှိ
ကနီမြို့နယ် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းရှိ သပိတ်ဆေးစခန်းနှင့် အလောင်းတော်ကဿပ ရုပ်ကလပ်တော်တည်ရှိရာ ရင်ပြင်တော်တို့တွင် ဘုရားဖူးဧည့်သည်များ ဝင်ရောက်လေ့လာနိုင်ရန် အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်နှင့် ပတ်သက်သည့် အသိပညာပေးပြခန်းများ ဖွင့်လှစ်ပြသထားကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ရုံးမှ သိရသည်။
ကျောက်လှည်းဘီးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ပြီးစီးပါက ဒေသထွက်ကုန်များကို ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချသွားနိုင်မည်
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ကျောက်လှည်းဘီးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထီးလင်းမြို့တွင်း ရပ်ကွက်လမ်းများအား အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိ
မြို့တွင်းရပ်ကွက်လမ်းများ တိုးတက်ကောင်းမွန်ရေးနှင့် ပြည်သူများ သွားလာမှု အဆင်ပြေလွယ်ကူ ချောမွေ့စေရေးတို့အတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် မြို့ပေါ်ရပ်ကွက်လမ်းများအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယ်စဲ့ ဘီပီ(၁၃)ဂိတ်တွင် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စစ်ဆေးဆောင်ရွက်
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ကူးစက်ပြန့်ပွားမှုမရှိစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေး ဝန်ထမ်းများက မယ်စဲ့ ဘီပီ(၁၃)ဂိတ်တွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ချင်းအမျိုးသားနေ့အခမ်းအနား ထန်တလန်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်မည့် (၇၂)နှစ်မြောက် ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ အခမ်းအနားကို ထန်တလန်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းခွင် ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားရှိသည့် မင်းဘူးသစ်ထုတ်လုပ်ရေးဒေသမှ အာမခံအလုပ်သမား ဉီးဝင်းမော်၏ လုပ်ငန်းခွင် ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မင်းဘူးမြို့ မန်းသီတာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။