မြိတ်မြို့တွင် ၂၀၁၉-၂၀၂၀ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာတွင် မသမာမှုကင်းရှင်းစွာဖြင့် စာမေးပွဲကို အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြိတ်မြို့နယ်အတွင်း တက္ကသိုလ် ဝင်ခွင့် စာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ် ရေးမှူးများနှင့်စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၁၆) ရက် နံနက်ပိုင်းက အထက(၁)မြိတ် ပညာ့ဗိမာန်ခန်းမတွင် ဆွေးနွေးခဲ့ကြသည်။







