လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် တရားဥပဒေစိုးမိုးရေး စကားဝိုင်းဆွေးနွေးပွဲ မန္တလေးမြို့တွင် ကျင်းပ
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် တရားဥပဒေစိုးမိုးရေး စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မန္တလေးမြို့ ၈၃ လမ်း၊ ၂၆ နှင့် ၂၇ လမ်းကြား ရတနာသီင်္ဂီဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါဖြစ်ပွားမှုဆိုင်ရာ အသိပေးဆွေးနွေး
ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးနဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုဆိုင်ရာ အသိပေးဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အညာဒေသ အလှူပွဲ၊ မင်္ဂလာပွဲများတွင် မြန်မာ့ရိုးရာ ရွှေလှည်းယာဉ်များ ငှားရမ်းခြင်းကို စိတ်ဝင်စားမှု မြင့်တက်လာ
အညာဒေသ အလှူပွဲ၊ မင်္ဂလာပွဲများတွင် မြန်မာ့ရိုးရာရွှေလှည်းများဖြင့် ပြုလုပ်ခြင်းဖြင့် ရွှေလှည်းယာဉ် ငှားရမ်းခြင်းများအပေါ် လူများစိတ်ဝင်စားမှု မြင့်တက်လာကြောင်း ရွှေလှည်းယာဉ်ငှားရမ်းခြင်း လုပ်ကိုင်နေသူများထံမှ သိရသည်။
GAP စနစ်ဖြင့် အောင်မြင်ဖြစ်ထွန်းနေသော ပဲပုတ်သီးနှံ ကွင်းသရုပ်ပြပွဲ ကျင်းပ
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် GAP စနစ်ဖြင့် စိုက်ပျိုးထားသော ဆောင်းသီးနှံ ပဲပုတ်စံပြစိုက်ခင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မယ်စဲ့-ဟိုစဲ့ ကားလမ်းနံဘေးရှိ တောင်သူဦးစိုင်းအောင်လှ၏ လေးဧက လယ်မြေပဲပုတ်စိုက်ခင်း၌ ပြုလုပ်ခဲ့သည်။
ကနီမြို့နယ်တွင် နွေစပါးလျာထားချက်ပြည့်မီရေး SRI နည်းစနစ်ဖြင့် နွေစပါးများ စတင်စိုက်ပျိုးလျက်ရှိ
ပျိုးသက်နုကောက်ကွက်ကျဲ စပါးအစွမ်းဖွင့် System Of Rice Intensification (SRI) နည်းစနစ်ဖြင့် တောင်သူပညာပေး စိုက်ပျိုးခြင်းကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် ခိုတွင်းကျေးရွာရှိ တောင်သူ ဦးအောင်စန်းဝင်း၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။
မဟာမုနိဘုရားကြီးမှ အပြီးသတ် ရွှေမိုက်ထုတ်ယူခြင်းကို တိုက်ရိုက်ထုတ်လွှင့်ပြသမည်
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းစဉ်၏ နောက်ဆုံး အပြီးသတ်ရွှေမိုက် ထုတ်ယူခြင်းကို တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။