စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) ဖွဲ့စည်း

ရန်ကုန်တိုင်းဒေသကြီး စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်(ထောက်ကြန့်) လမ်းဆုံအနီး စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပုဂံမြို့ (အ.ထ.က)ကျောင်းတွင် ဘင်ခရာသင်တန်းဆင်းပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံဘင်ခရာသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီက အဆိုပါ ပုဂံမြို့၊ အခြေခံပညာအထက်တန်းကျောင်း ပဒေသာခန်းမ၌ ကျင်းပသည်။  
ညောင်ချောင်းသာ အပန်းဖြေကမ်းခြေ(ရေချိုးဆိပ်) အပန်းဖြေသူများ လာရောက်လည်ပတ်မှုများဖြင့် စည်ကားနေ
ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ညောင်တုန်းမြို့၏ အနောက်ဘက် (ရန်ကင်းစံရာကျေးရွာ)တွင် သဘာဝသဲသောင်ပြန့် ပေါ်ထွန်းလျက်ရှိပြီး အပန်းဖြေစရာ (ညောင်ချောင်းသာ) ကမ်းခြေသည် လွန်ခဲ့သော ခုနစ်နှစ်ခန့်ကစ၍ ပေါ်ပေါက်လျက်ရှိရာ လူသိများ ထင်ရှားလာသော အပန်းဖြေကမ်းခြေ (ရေချိုးဆိပ်)တစ်ခု နေရာဖြစ်သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ မိုးကောင်းမြို့ ရွှေသာလျောင်းမြတ်စွာဘုရားကြီး၏ နှစ်(၁၅၀)ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အား တက်ရောက်ဖဲကြိုးဖြတ်ဖွင့်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးကောင်းမြို့တွင် တည်ထားကိုးကွယ်သည့် ပြည်လုံးချမ်းသာ ရွှေသာလျောင်းမြတ်စွာဘုရားကြီး နှစ်(၁၅၀)ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့မှစတင်၍ ဖေဖော်ဝါရီ ၂၃ ရက်ထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်တွင် အုန်းပင်မှ အုန်းသီးနှင့် ငှက်ပျော်သီး ၆ လုံးပါသဏ္ဌာန်တူ ‌ပူးတွဲသီးနေသဖြင့် ဒေသခံများစိတ်ဝင်စား
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ပင်လုံကျေးရွာအုပ်စု မံကုန်းကျေးရွာ ဒေါ်အီကန်နေအိမ်အတွင်းရှိ အုန်းပင်ပေါ်မှ အုန်းသီးသီးရာတွင် အုန်းသီးတစ်လုံးပေါ်တွင် ငှက်ပျောသီး ၆ လုံးသဏ္ဌာန်တူ ဖုံးအုပ်သီးနေသော အုန်းသီးတစ်လုံးကို တွေ့ရသဖြင့်
ခန္တီး၊ ပင်လည်ဘူး၊ လေရှီးနှင့် နန်းယွန်းမြို့နယ်များတွင် ငွေကျပ် ၁၈၃၃၇ သန်းကျော် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခန္တီး၊ ပင်လည်ဘူး၊ လေရှီးနှင့် နန်းယွန်း မြို့နယ်များတွင် လမ်း၊ တံတားနှင့် ပညာရေး၊ ကျန်းမာရေး၊ ရေရှိရေး၊ အိမ်ရာတည်ဆောက်ရေး၊ သာသနာရေးလုပ်ငန်းများအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ငွေကျပ် ၁၈၃၃၇ ဒသမ ၇၂၂ သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြို့မဈေးကြီးတွင် မသန်စွမ်းသူများအတွက် သွားလာရေးအဆင်ပြေစေရန် ဈေးစည်ပင်မှ ဆောင်ရွက်ထား
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေးကြီး၏ အတွင်း၊ အပြင် လူသွားလမ်းများတွင် နိုင်ငံတကာအဆင့်မီ မသန်စွမ်းသူများအတွက် သွားလာရေးအဆင်ပြေစေရန် ဆောင်ရွက်လျက်ရှိပြီး ယခင်က ယင်းနေရာတွင် ရောင်းချနေသည့် စားသောက်ဆိုင်နှင့် အထွေထွေကုန်ပစ္စည်း အရောင်းဆိုင်များကို အသစ်ပြန်လည်နေရာချထားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဈေးစည်ပင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။