အောင်လံမြို့နယ်၌ စေတီ ၁ ဆူအား ပြန်လည်ပြုပြင်မွမ်းမံစဉ် ရှေးဟောင်းဌာပနာများ တွေ့ရှိ
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ မိုးဖုံးကျေးရွာအနီးရှိ ဧရာဝတီမြစ်ကမ်း၌ တည်ထားကိုးကွယ်သည့် မိုးဖုံးစေတီတော်ကြီးအား ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က မြန်မာမှုပညာရှင် သရက်မြို့၊ ဗန္ဓရရပ်ကွက်နေ ဦးသိန်းမောင် (၄၂)နှစ်မှ ပြန်လည်ပြုပြင်မွမ်းမံစဉ် စေတီတော်၏ ဘောင်းရစ်အောက် တနင်္ဂနွေထောင့်မှ ရှေးဟောင်းဌာပနာများ တွေ့ရှိခဲ့သည်။





