ပထမအကြိမ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲ မြင်ကွင်းများ

၂၀၂၀ ပြည့်နှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၊ မကွေး တိုင်းဒေသကြီး မြင်းစီးအသင်းနှင့် ပြည်သူလူထု၏ ပူပေါင်းအင်အားဖြင့် ကျင်းပသည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပထမအကြိမ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြင်းစီးအား ကစားပြိုင်ပွဲမှ ပြိုင်ပွဲဝင် မြင်းစီးအားကစားသမားများ ပြိုင်ပွဲဝင်ယှဉ်ပြိုင်မှု မြင်းကွင်းများ တွေ့ရစဉ်
မန္တလေးမြို့တွင် တိုင်းဒေသကြီးအဆင့် (ဆဌမအကြိမ်မြောက်) မြန်မာနွားသိုးအလှ၊ နို့စားနွားနှင့်ဆိတ် ပြပွဲ/ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
မြန်မာ့ဒေသ နွား၊ ဆိတ် မျိုးကောင်းမျိုးသန့်များပေါ်ထွန်းလာပြီး မွေးမြူရေး လုပ်ငန်းများ ဖွံဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရေး ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ တိုင်းဒေသကြီးအဆင့် (ဆဌမအကြိမ်မြောက်) မြန်မာနွားသိုးအလှ၊ နို့စားနွားနှင့်ဆိတ် ပြပွဲ/ပြိုင်ပွဲဖွင့်ပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးတွင် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၈ နာရီ က ကျင်းပခဲ့
ကွန်ဟိန်းမြို့တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပန်းချီဆွဲပြိုင်ပွဲကျင်းပ

ဝန်းသိုမြို့နယ်တွင် ရေပေးဝေရေးဆိုင်ရာ အချက်အလက်များ စစ်တမ်းကောက်ယူလျက်ရှိ

ပဲခူးမြို့တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် (၅)ကီလိုမီတာအပြေးပြိုင်ပွဲတွင် အားကစားသမား (၆၀ဝ)ကျော် ပါဝင်ယှဉ်ပြိုင်
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် Pocari Sweat Iron အားဖြည့်အချိုရည်တို့ပူးပေါင်းပြီး ပဲခူးမြို့တွင် Myanmar Union Day Peace Run (၅) ကီလိုမီတာ အသက်(၁၅)နှစ်အောက် အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၆ နာရီက ကျင်းပခဲ့
ကြို့ပင်ကောက်မြို့တွင် နွေရာသီ ရေရှားပါးချိန် ကျောက်ခွေချရေတွင်းများ တူးဖော်သုံးစွဲမှု များပြားလာ

ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာ ငါးရွာ၌ လယ်ယာကုန်ထုတ်လမ်း ၅ လမ်း ဆောင်ရွက်လျက်ရှိ