တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုသို့ လေ့လာရေးခရီးအဖြစ်ရောက်ရှိနေကြသော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သည့် သံတမန်လေ့လာရေး အဖွဲ့သည် ဖေဖော်ဝါရီလ (၁၀)ရက် နံနက်ပိုင်းတွင် မြိတ်ဆိပ်ကမ်းမှ အမြန်ရေယာဉ်ဖြင့် ကမ်းရိုးတန်းပင်လယ် အား ဖြတ်သန်းကာ မြိတ်ကျွန်းစုရှိကျွန်းများအား ကြည့်ရှုလေ့လာခဲ့ကြသည်။