ကျောင်းစာကြည့်တိုက် ပေးအပ်လှူဒါန်းပွဲနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကြည်ဖြူရှင်ဆရာတော်  ကြီးမှူးတည်ဆောက်ပြီးစီးသော "ဘဝအလင်းရောင်” စာကြည့်တိုက် ပေးအပ်လှူဒါန်းပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို မိုးညိုမြို့နယ်၊ မင်းဒူးအုပ်စု၊ မယင်းငယ်ကျေးရွာရှိ အလယ်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
သုတ ရသ စာအုပ်စာစောင် လှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊  ထီးချိုင့်မြို့နယ် မြတောင်ကျေးရွာအုပ်စု  ဖုန်ကုန်းလေးကျေးရွာ တွင်    ယမန်နေ့မွန်းလွဲ ၂  နာရီက သုတရသစာအုပ်စာစောင် လှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ကျေးရွာ ရောင်ခြည်ဦး စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
လူကုန်ကူး၊ လူမှောင်ခိုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော လူကုန်ကူး၊ လူမှောင်ခို တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ဘူတာရုံလမ်းရှိ သုခိတာရာမ သီလရှင်ကျောင်း၌ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ် ရှင်အပါး ၅၀ဝ၀ ရှင်ပြုအလှူပွဲတွင် ပါဝင်ပါရမီဖြည့်မည့် ရှင်သာမဏေလောင်းများ ရေနံချောင်းမြို့နယ်မှ စတင်ထွက်ခွာ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာဘုရားတွင် ကျင်းပမည့် ရှင်အပါး ၅၀ဝ၀ ရှင်ပြု အလှူပွဲတွင် ပါဝင်ပါရမီဖြည့်မည့် ရေနံချောင်းမြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ရှင်သာမဏေလောင်း အပါး ၂၀ဝ တို့သည် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုရပ်မှ နံနက် ၈ နာရီက ရှင်သာမဏေ ကြို/ပို့မော်တော်ယာဉ်များဖြင့် စတင်ထွက်ခွာသွားကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာပြီး အသက်အန္တရာယ်ကင်းဝေးစေရန် မော်တော်ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေ
မိတ္ထီလာမြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာပြီး အသက်အန္တရာယ်ကင်းဝေးစေရန် ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီ ခွဲ က  မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်း ဗိုလ်ချုပ်ကြေးရုပ်အနီးအတွင် မော်တော်ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့တွင် ဒီဇင်ဘာအားကစားလ  တတိယပတ် ကိုယ်လက်လှုပ်ရှားအားကစား လူထုစုပေါင်းလမ်းလျှာက်ပွဲ၊ အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ
ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာကြံ့ခိုင်စေရန်အတွက် ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲ၊ အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့တွင် ယနေ့ နံနက် ၅ နာရီခွဲက ကျင်းပခဲ့သည်။
သံတွဲမြို့နယ်၌ ရေပေးဝေရေးဆောင်ရွက်မည့်ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု