မဟာဓာတ်အားလိုင်း တည်ဆောက်ရာတွင် ပျက်စီးဆုံးရှုံးမှုများအတွက် သီးနှံလျော်ကြေးငွေ ကျပ်သိန်း ၁၉၀ဝ ကျော် ပေးအပ်ခဲ့
အောင်လံမြို့နယ်၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တောင်တွင်းကြီး−ရွှေတောင် ၂၃၀ ကေဗွီနှစ်ထပ်
မဟာဓာတ်အားလိုင်းတည်ဆောက်ခြင်းကြောင့် ဓာတ်အားလိုင်နှင့်မလွတ်ကင်းသော နှစ်ရှည်/သီးနှံပင်မျာအတွက် တောင်သူတစ်ဦးချင်းသို့ လျော်ကြေးငွေပေးအပ်ခြင်းများကို ဒီဇင်ဘာလ(၁၆)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ ဒီဇင်ဘာလ(၂၀)ရက်နေ့နံနက်(၉းဝ၀)နာရီအချိန်တွင် သုံးရက်မြောက်နေ့အဖြစ် အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ အစည်းအဝေးခန်းမ၌ လျော်ကြေးငွေများကို ဆက်လက်ပေးအပ်လျှက်ရှိကြောင်း သိရသည်။








