ပလိပ်အင်းရေတိမ်ဒေသတွင် ရေဝင်နည်းပါးသဖြင့် ဆောင်းခိုငှက်များ ကျက်စားမှုပုံစံ ပြောင်းလဲလာ
မန္တလေးတိုင်းဒေသကြီး ပလိပ်အင်းရေတိမ်ဒေသတွင် ယခုနှစ်၌ ရေဝင်နည်းပါးသဖြင့် နှစ်စဉ်လာရောက် ကျက်စားလေ့ရှိသည့် ဆောင်းခိုငှက်များ ဝင်ရောက်မှု ပုံစံပြောင်းလဲလာကြောင်း မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း ဥက္ကဌ ဒေါက်တာသိန်းအောင်က ပြောကြားသည်။





