ဆောင်းနေကြာစိုက်ပျိုးရန် မျိုးစေ့များ ဖြန့်ဝေလျက်ရှိ

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ စပါးပြီးလယ်များတွင် ဆောင်းသီးနှံ အတွက်တိုး ဆီထွက်သီးနှံ နေကြာစံပြကွက် စိုက်ပျိုးကြရန် ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသရှိ တောင်သူများသို့ စိုက်ပျိုးရေး ဦးစီးဌာနက နေကြာမျိုးစေ့များ အခမဲ့ ဖြန့်ဝေပေးထား
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စိတ်ကြိုက် ပန်းချီပြိုင်ပွဲကျင်းပ
(၂၀၂၀)ပြည့်နှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်မည့်(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖြင့် မူလတန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာ ၂၀ ရက်နေ့၊နံနက် ၁၀ နာရီအချိန်က ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့
ထန်းတပင်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြစိမ်းရောင်စက်မှုဇုံ၊ ORIENTAL  PEAK GROUP HOLDING  အိတ်ချုပ်စက်ရုံရှိ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး နှင့်မီးဘေး လုံခြုံရေးအတွက် အသိပညာပေးဟောပြောသရုပ်ပြပွဲကို ဒီဇင်ဘာ ၁၉ ရက်နေ့၊ နံနက်ပိုင်းက အဆိုပါ စက်ရုံတွင် ဆောင်ရွက်ခဲ့ကြ
ကန်ပက်လက်မြို့တွင် လက်သမား/ပန်းရံ သင်တန်းဖွင့်လှစ်
ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည်  မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် ကျေးလက်လူမှုစီးပွားဘဝမြင့်မား လာစေရေး၊ ဒေသတွင်း ကျွမ်းကျင်လုပ်သားများတိုးတက်လာစေရေးတို့အတွက် ရည်ရွယ်လျှက် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သင်တန်းများ နှစ်စဉ်လျာထား ဆောင်ရွက်ပေးလျှက်ရှိရာ  ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ် လက်သမား၊ပန်းရံ သင်တန်း( ၁/ ၂၀၁၉ )ကိုမြို့နယ် ကျေးလက်ဌာနရုံး တွင် ဒီဇင်ဘာ ၉ ရက်မှ  ၂၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိ
နာဂဒေသ လဟယ်မြို့၌ နည်းပညာပိုင်းဆိုင်ရာ ကွန်ပျူတာသင်တန်းဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ် များမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း နည်းပညာပိုင်း ဆိုင်ရာ အသုံးပြုပြီး လုပ်ငန်းများပိုမိုကျွမ်းကျင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် ဝန်ထမ်း စွမ်းဆောင်ရည် မြှင့်တင်ရေးအဆင့်မြင့် Computer Power Point & Photoshot သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက လဟယ်မြို့   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်
ကျွန်းစု၌ (Book Club) စာအုပ်စာ‌စောင် ချစ်မြတ်နိုးသူများ အသင်း စာဖတ်ဝိုင်း ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဦးဆောင်၍ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာသော အသိပညာဗဟုသုတများကို စာဖတ်သူ အချင်းချင်း အပြန်အလှန် ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ (Book Club) စာ‌အုပ်စာ‌စောင်ချစ်မြတ်နိုးသူများ အသင်း စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ကျွန်းစုမြို့နယ် လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပ
မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ပြည်သူ့အကျိုးအသိပညာပေး လုပ်ငန်းများ ကွင်းဆင်း ဟောပြော
ကျေးလက်ဒေသနေ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဌာနဆိုင်ရာများနှင့် ပြည်သူများကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူ့အကျိုးပြု အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဟောပြောခြင်းကို ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ညောင်ပင်ဝဲကျေးရွာအုပ်စု၊ ညောင်ပင်ဝဲကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ