ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နိုင်ရေး ကွင်းဆင်းတိုင်းတာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် အောင်းပင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်နိုင်ရေးအတွက် ယမန်နေ့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းတိုင်းတာခဲ့ကြောင်း  သိရ
တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် သမုတ်-လွတ်လွတ် တံတား တည်ဆောက်ရေး လုပ်ငန်းအား ကြည့်ရှုစစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ် စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ(၈)ရက် မွန်းလွဲပိုင်းက မြိတ်မြို့ရှိ သမုတ်-လွတ်လွတ် တံတားတည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှု စစ်ဆေးခဲ့ကြ
(၆၇) ကြိမ်မြောက် အပတ်စဉ်နေ့အမှိုက်ကောက်လှုပ်ရှားမှု ဆောင်ရွက်
No Plastic Campaign - South Okkalapa အဖွဲ့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက် လှုပ်ရှားမှုကို ဒီဇင်ဘာ ၈ ရက်နေ့က (၆၇)ကြိမ်မြောက်အဖြစ် တောင်ဥက္ကလာပမြို့နယ် အမှတ်(၉) ရပ်ကွက် ကျော်သူလမ်းအား မြို့နယ်သူမြို့နယ်သားများ၊ ပရဟိတ ညီအစ်ကိုမောင်နှမများ၊ လူမှုကူညီရေး အဖွဲ့သားများဖြင့် စုပေါင်း၍ အမှိုက်ကောက်လှုပ်ရှားခဲ့
ကျောက်မဲမြို့၊ ရက်ကန်းကျောင်းတွင် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်
ရှမ်းပြည်နယ်၊ အသေးစား လက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်း ကျောင်းမှ လူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဒီဇင်ဘာ ၉ ရက်နေ့မှ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ရက်သတ္တ တစ်ပတ်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါရက်ကန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့
သာစည်၌ နေကြာသီးနှံ ကွင်းသရုပ်ပြပွဲ ကျင်းပ
စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ’ ရရှိစေရန်    ရည်ရွယ်၍      မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ်    ရောက်ရိုးကျေးရွာ   ကွင်းအမှတ် ၁၇၂၈ရှိ  တောင်သူ(၁၄)ဦး၏ GAP နေကြာစံပြကွက် ဧက ၅၀ အား ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈နာရီခွဲ အချိန်က အဆိုပါ နေကြာစံပြကွက်အနီး၌ ကျင်းပ ပြုလုပ်
ပုထိုးသာ ကျေးရွာနှင့်မောင်းတုံကျေးရွာသို့ ပြည်သူ့ဝန်ဆောင်မှုရုံး၏ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်း များနှင့် အသိပညာပေး ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ ပုထိုးသာကျေးရွာ  ၊  ပညာဝေပုလ္လ စာကြည့်တိုက်၌ ဒီဇင်ဘာ ၈ရက်၊ နံနက်၁၀နာရီက ပြည်သူ့ဝန်ဆောင်မှုရုံး၏ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများနှင့် အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ခဲ့ကြောင်း သိရ
သက်ငယ်မုဒိမ်းနှင့် GBV အသိပညာပေးဟောပြောပွဲ ခန္တီးမြို့၌ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးပြုလုပ်သည့် သယ်ငယ်မုဒိမ်းနှင့် (GBV) Gender Base Violence နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပ