ကျိုင်းတုံမြို့ ၌ အာဟာရနို့တိုက်ကျွေးရေး အခမ်းအနားဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့်  အခြေခံပညာကျောင်းနေလူငယ်လူရွယ်များ ကျန်းမာ ကြံ့ခိုင ပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများတွင် အာဟာရနို့ တိုက်ကျွေးရေး အစီအစဉ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ကျိုင်းတုံမြို့၊ နောင်ကုန်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပ
ခန္တီးမြို့ ပြည်သူ့ဆေးတွင် အမြွှာ ယောကျာ်းလေးသုံးဦး အောင်မြင်စွာမွေးဖွား
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရေဒသ  လဟယ်မြို့ မြို့မရပ်ကွက်နေ ဦးအာနွယ် ဒေါ်နီကေတို့၏ သုံးမြွှာပူးကလေးများအား ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်၂ နာရီအချိန် ခန္တီးမြို့ ပြည်သူ့ဆေးရုံ တွင် အောင်မြင်စွာ မွေးဖွား ခဲ့ပြီး ကလေးငယ်များ၏ ကျန်းမာရေး စောင့်ရှောက်မှုများကို ပြည်သူ့ဆေးရုံမှဆောင် ရွက်ပေးလျက်ရှိကြောင်းသိရ
အင်းတော်ကြီးဒေသသို့ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် တစ်သောင်းကျော် လာရောက်လည်ပတ်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသသို့ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွားဧည့်သည် တစ်သောင်းကျော် လာရောက်လည်ပတ်ခဲ့ကြောင်း အင်းတော်ကြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးပြခန်း၏ မှတ်တမ်းများမှ သိရ
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကန်ကြီးထောင့်မြို့နယ်၌ကျင်းပ
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ညောင်ချောင်း(စံပြ)ကျေးရွာ အခြေခံပညာ မူလတန်း ကျောင်းတွင် ကျင်းပခဲ့
ရထားနှင့် ဘတ်(စ်)ကား ချိတ်ဆက်မှု ကောင်းမွန်စေရန် ပြုလုပ်သည့် အသေးစားစီမံကိန်းစတင်
ရန်ကုန်မြို့ အများပြည်သူသယ်ယူပို့ဆောင်ရေး ဘတ်(စ်)ကားဝန်ဆောင်မှု အဆင့်မြှင့်တင်သည့် စီမံကိန်း၏  အစိတ်အပိုင်းတစ်ရပ် ဖြစ်သော ရထားနှင့်ဘတ်(စ်)ကားချိတ်ဆက်မှုကောင်းမွန်စေရန် ပြုလုပ်သည့် အသေးစား စီမံကိန်းတစ်ရပ်ကို ယနေ့ နံနက် ၈ နာရီမှစတင်၍ သမိုင်းဘူတာရုံ/ မှတ်တိုင်(ဗဟိုလမ်း)တွင် စတင် ဆောင်ရွက်လျက်ရှိ
ပေါင်းတည်မြို့၌ ရပ်ကွက်များတွင် ကောင်းမွန်သန့်ရှင်းသောပတ်ဝန်းကျင်ဖြစ်ပေါ်စေရေး ရပ်ကွက် အခြေပြု စုပေါင်းအမှိုက်ကောက်စွန့်ပစ်ခြင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့၌ ကောင်းမွန်သန့်ရှင်းသော ပတ်ဝန်းကျင်ဖြစ်ပေါ်စေရေး အတွက် ရပ်ကွက်အခြေပြု စုပေါင်းအမှိုက်ကောက် စွန့်ပစ်ခြင်း ဆောင်ရွက်မှုကို နွယ်ချို(၂) ရပ်ကွက် Excel Youths အဖွဲ့မှ ယမန်နေ့နံနက်(၇)နာရီက(တတိယ)အကြိမ်အဖြစ် ဟင်္သာကန်ရပ်ကွက်အတွင်း၌ စုပေါင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်စုပေါင်းအမှိုက်ပုံအထိ စွန့်ပစ်ပေးခဲ့ကြကြောင်း သိရှိရ
ကြက်သွန်နီမျိုးစေ့ ငါးနှစ်အတွင်း အနိမ့်ဆုံးဈေးထိကျရောက်နေ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်သွန်နီပျိုးထောင် ကာ မျိုးစေ့ရောင်းချသူများအနေဖြင့် ကြက်သွန်နီမျိုးစေ့မှာ ငါးနှစ်အတွင်းအနိမ့်ဆုံးဈေးနှုန်းဖြင့် ရောင်းချ နေရပြီး မကြုံဘူးသည့် ဈေးနှုန်းအထိ ကြက်သွန်နီမျိုးစေ့ ဈေးနှုန်းကျဆင်းနေကြောင်း ကြက်သွန်နီ မျိုးစေ့ရောင်းချသူများထံမှ သိရ