ဓနုဖြူကလေးစာပေပွဲတော်(ဒုတိယနေ့) တွင် ပြခန်းများပြသထားရာ လာရောက်လေ့လာကြည့်ရှုသူများပြား

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ပံ့ပိုးမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော ဓနုဖြူမြို့ ကလေးစာပေပွဲတော်ကို နိုဝင်ဘာ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပရာ ယနေ့ ကလေးစာပေပွဲတော်(ဒုတိယ) နေ့တွင် ပြခန်းများ၌ လာရောက်လေ့လာကြည့်ရှုသူများ ပိုမိုများပြလျက်ရှိသည်။
မလှိုင်မြို့နယ်အတွင်းရှိ  အသက်(၉)လ မှ (၅) နှစ်ခွဲ ကလေးငယ် (၁၁၆၃၉ ) ဦးကို ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးသွားမည်
မန္တလေးတိုင်းဒသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ အသက်(၉)လမှ (၅)နှစ်ခွဲ အရွယ်ကလေးငယ်အားလုံးကို  ဝက်သက်- ဂျိုက်သိုးရောဂါ  ကာကွယ်ဆေး အပိုဆောင်း(၁)ကြိမ် ..................
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယတန်ဆောင်တိုင်မီးထွန်းပွဲတော် ဖွင့်ပွဲတက်ရောက် 
နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်နေ့တွင် ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲ ဖြစ်သော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ အထင်ကရ နေရာဖြစ်သည့် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယတန်ဆောင်တိုင်မီးထွန်း ပွဲတော်ကို နိုဝင်ဘာ ၁၅ ရက် ညနေ ၆ နာရီက သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးရှေ့ ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ပဒေသာပင် ၂၀၂ ပင်ဖြင့် ပထမအကြိမ် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ကို ပင်လောင်းမြို့နယ်၌ ကျင်းပ
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြင်းတွင်းကျေးရွာအုပ်စု၊ ပက်တလယ် ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ............
ဆောင်းသီးနှံအနေဖြင့် နှစ်စဉ်ဈေးကောင်းရသည့် မြေထောက်ပဲများကို ပိုမိုစိုက်ပျိုးလာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆောင်းသီးနှံအဖြစ် ပဲမျိုးစုံအားစိုက်ပျိုးလျက်ရှိရာ ...............
ချောင်းသာတွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်း ဖော်ဆောင်သွားမည်
ပင်လယ်ကမ်းခြေဒေသ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာတွင် တန်ဖိုးသင့် အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကချင်ပြည်နယ် စီးပွားရေးနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး