မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ JICA ချေးငွေလုပ်ငန်းနှင့် ပတ်သက်၍  ချေးငွေစိစစ်ရေးအဖွဲ့ဝင်များအား ချေးငွေသင်တန်းယင်းမာပင်၌ဖွင့်လှစ်ပို့ချ  

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် မြန်မာ့လယ်ယာ စီးပွားရေးဘဏ်ခွဲမှ JICA (Two Step Loan )ချေးငွေလုပ်ငန်းနှင့် ပတ်သက်၍ ချေးငွေစိစစ်ရေး အဖွဲ့ဝင်များအား ချေးငွေသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ယင်းမာပင်မြို့နယ် မြန်မာ့လယ်ယာစီးပွားရေးဘဏ်ခွဲ၌ ကျင်းပသည်။
ကျုံပျော်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးမှုဖြစ်ပွား
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် စက်တင်ဘာ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီက နေရာကွက်၍ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ်တလုံးပြိုကျပြီး၊ တစ်လုံးအမိုးလန်ကာ တစ်လုံးခေါင်တိုင်ကျိုး ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
(၁၄၅)နှစ်မြောက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂနေ့ကို ကြိုဆိုသောအားဖြင့် ပိုစတာများပြသမည်
(၁၄၅)နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အောက်တိုဘာ ၉ ရက်မတိုင်မီနှင့် ၉ ရက်နေ့တို့တွင် ဝန်ကြီးဌာနရုံးများနှင့် တက္ကသိုလ်များရှိ စာကြည့်တိုက်များတွင် အများပြည်သူများနှင့် ကျောင်းသားကျောင်းသူများနှင့် ကြည့်ရှုလေ့လာနိုင်ရန်အတွက် ပိုစတာများကို စာကြည့်တိုက်နှင့် ကြော်ငြာသင်ပုန်းများတွင် ကပ်ထားပေးမည်ဖြစ်ကြောင်း သိရသည်။
ကသာမြို့၌ စားသုံးရန် မသင့်သော စားသောက်ကုန်များနှင့် သက်တမ်းလွန် ဆေးဝါးများ ကုန်စုံဆိုင်များတွင် ရောင်းချမှု ရှိ /မရှိ ရှောင်တခင်စစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဦးဆောင်၍ စားသုံးရန်မသင့်သော စားသောက်ကုန်များနှင့်  သက်တမ်းလွန် ဆေးဝါးများ ------------
ဖရူဆိုမြို့နယ်တွင် ဒရုန်းဖြင့် ငမြောင်တောင်ပိုးဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်
ဖရူဆိုမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးပိုင်နှင့် ဝန်ထမ်းများသည့် ဒရုန်းဖြင့် ငမြောင်တောင်ပိုးအား ဆေးဖျန်းခြင်းကို ဆိုးလျားကူးကျေးရွာ၊ ကွင်းအမှတ် ၈(က)/၈(ခ) တွင် ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တွက်ချေမကိုက်တော့သော စာကလေးအိမ်
ဝါဝင်သောအချိန်မှစ၍  အရောင်းအေးနေသဖြင့် စာကလေးအိမ် ပြုလုပ်သူများ အခက်ကြုံနေရကြောင်း သိရသည်။
ပုဂံဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပ
ပုဂံဒေသ အမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Bagan Com) ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပုဂံမြို့ရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ကျင်းပသည်။