မန္တလေးတိုင်းဒေသကြီးရှိ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေးမည်
မန္တလေးတိုင်းဒေသကြီးရှိ မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျေးရွာများသို့ အောက်တိုဘာလ၌ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း ...........
အခြေခံအိမ်တွင်းမှု သင်တန်းဆင်းပွဲများ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၇)၊အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါသင်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
SME လုပ်ငန်း ၁ဝဝ ကို  ချေးငွေရရှိရန် ရန်ကုန်တိုင်းအစိုးရက ထပ်မံရွေးချယ်ပေးသွားမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ SME လုပ်ငန်း ၁ဝဝ ကို ချေးငွေရရှိရန် တိုင်းအစိုးရက ထပ်မံရွေးချယ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  သြဂုတ် ၂၈ ရက်က ရန်ကုန်တိုင်းရင်နှီးမြှုပ်နှံမှုကော်မတီရုံး၌ .............
ဆောမြို့နယ် ငါးလွန်းကျေးရွာ၌ နှစ်ထပ်စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီး
မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ငါးလွန်းကျေးရွာအုပ်စု၊ ငါးလွန်းကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (CDD) တတိယနှစ် စက်ဝန်းဖြင့် ဆောင်ရွက်သည့် မူလတန်းလွန် နှစ်ထပ်စာသင် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြိီဖြစ်ကြောင်း ဆောမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကသာမြို့နယ်နှင့် အင်းတော်မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များ စုပေါင်း၍ မွန်ပြည်နယ် သဘာဝဘေးသင့်ပြည်သူများ ဆန်နှင့် အလှူငွေများ သွားရောက်လှူဒါန်း
မွန်ပြည်နယ် သဘာဝဘေးသင့်ပြည်သူများ ကသာမြို့နယ်နှင့် အင်းတော်မြို့နယ်တို့မှ စေတနာရှင်များ၊ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များမှ အလှူခံရရှိသော ..........
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် စိုက်ပျိုးသီးနှံများတွင် မှိုရောဂါများကျရောက်နိုင်ကြောင်း သတိပေး
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မိုးများဆက်တိုက်ရွာသွန်းလျက်ရှိသောကြောင့် သီးနှံကာကွယ်ရေးဆိုင်ရာ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲက သတိပေးချက် ထုတ်ပြန်လိုက်သည်။