အမေရိကန်ဒေါ်လာသန်း၂၀ဝ ကျော်နှင့် ကျပ် ၂၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဦးသောင်းထွန်းနှင့် အဖွဲ့ဝင်(၉)ဦး တက်ရောက်ကြသည်။
၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေး ကျင်းပ
၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
ရန်ကုန်မြို့၏ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဖိတ်ခေါ်
ရန်ကုန်မြို့တွင် လျှပ်စစ်မီး၊ ရေကောင်း ရေသန့် ရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ရန်အတွက် ဆောင်ရွက်စရာ များစွာရှိနေပါကြောင်း၊ စိန်ခေါ်မှုများရှိသကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများအတွက် အခွင့်အလမ်းကောင်းရှိသည့်အတွက် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရန်ကုန်မြို့၏ ဖွံ့ဖြိုး တိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
အာဆီယံ၏ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှုအရ အကောင်အထည်ဖော်ရေး ပထမအကြိမ်နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပ 
တစ်ဘက်နိုင်ငံသို့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ASEAN-ERAT အဖွဲ့၏ ကနဦး လိုအပ်ချက်ဆန်းစစ် လေ့လာမှု အစီရင်ခံစာအား ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း အတည်ပြုခဲ့ပြီးဖြစ်ရာ အဆိုပါ အစီရင်ခံစာတွင် ပါဝင်သည့် အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍရပ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။
တနင်္သာရီမြို့နယ်တွင် ဒုတိယအကြိမ် မြစ်ရေထပ်ကြီးမှုကြောင့် အခြေခံပညာကျောင်း (၇) ကျောင်း ယာယီပိတ်ထားရ
တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း တနင်္သာရီမြစ်ရေ ဒုတိယအကြိမ် မြင့်တက်လာသဖြင့် သြဂုတ်(၃ဝ)ရက် နံနက်ပိုင်းမှစ၍ --------
ကျောက်ပန်းတောင်းမြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၃၀၁) ဦးအား  အမျိုးသားလူမှုရေးပင်စင်ထောက်ပံ့
ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စကားဝါမြေခန်းမတွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွား (၁၃၀၁)ဦးတို့အား အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၁၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။